မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်၏ ATM စက်နှင့်ဘဏ်ကားများတွင် ဗုံးများပေါက်ကွဲ

0
247

(Unicode)

မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်၏ ATM စက်နှင့်ဘဏ်ကားများတွင် ဗုံးများပေါက်ကွဲ

မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်၏ ATM စက်များ၊မီးစက်နှင့်ဘဏ်ကားများတွင် အောက်တိုဘာ ၂၇ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲခဲ့သည့် ကမ္ဘောဇဘဏ်၏ ATM စက်နေရာများမှာ ချမ်းမြသာစည်မြို့နယ်၊ Fuji Shopping Mall အနီးရှိ ATMစက်၊မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ATM စက်နှစ်လုံး၊၇၃ လမ်းရှိ ATM စက်၊ ၅၇ လမ်းနှင့်မနော်ဟရီလမ်းရှိ ကမ္ဘောဇဘဏ်၏ မီးစက်၊ ၆၆ လမ်းနှင့်သိပ္ပံလမ်းထောင့်ရှိ ATM စက်၊ ၅၆ လမ်းနှင့်သိပ္ပံလမ်းထောင့်ရှိ ကမ္ဘောဇဘဏ် Call Center ရှေ့နှင့် ၆၁ လမ်းနဲ့ သိပ္ပံလမ်းအနီးရပ်ထားသည့် ဘဏ်မော်တော်ယာဥ်တစ်စီးတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အလားတူ နစက မှချိတ်ပိတ်ထားသည့် မန္တလေးတိုင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ရုံးတွင်လည်း အောက်တိုဘာ ၂၇ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ထိုသို့ ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအနှံစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

မႏၲေလးၿမိဳ႕ရွိ ကေမၻာဇဘဏ္၏ ATM စက္ႏွင့္ဘဏ္ကားမ်ားတြင္ ဗုံးမ်ားေပါက္ကြဲ

မႏၲေလးတိုင္းေဒသႀကီး၊မႏၲေလးၿမိဳ႕ရွိ ကေမၻာဇဘဏ္၏ ATM စက္မ်ား၊မီးစက္ႏွင့္ဘဏ္ကားမ်ားတြင္ ေအာက္တိုဘာ ၂၇ ရက္ညပိုင္းက ဗုံးေပါက္ကြဲမွုမ်ားျဖစ္ပြားခဲ့သည္။

ဗုံးေပါက္ကြဲခဲ့သည့္ ကေမၻာဇဘဏ္၏ ATM စက္ေနရာမ်ားမွာ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ Fuji Shopping Mall အနီးရွိ ATMစက္၊မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၈ လမ္းႏွင့္ ၈၄ လမ္းေထာင့္ရွိ ATM စက္ႏွစ္လုံး၊၇၃ လမ္းရွိ ATM စက္၊ ၅၇ လမ္းႏွင့္မေနာ္ဟရီလမ္းရွိ ကေမၻာဇဘဏ္၏ မီးစက္၊ ၆၆ လမ္းႏွင့္သိပၸံလမ္းေထာင့္ရွိ ATM စက္၊ ၅၆ လမ္းႏွင့္သိပၸံလမ္းေထာင့္ရွိ ကေမၻာဇဘဏ္ Call Center ေရွ႕ႏွင့္ ၆၁ လမ္းနဲ႔ သိပၸံလမ္းအနီးရပ္ထားသည့္ ဘဏ္ေမာ္ေတာ္ယာဥ္တစ္စီးတို႔တြင္ ေပါက္ကြဲမွုမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အလားတူ နစက မွခ်ိတ္ပိတ္ထားသည့္ မႏၲေလးတိုင္းရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္(NLD)႐ုံးတြင္လည္း ေအာက္တိုဘာ ၂၇ ရက္ညပိုင္းက ဗုံးေပါက္ကြဲမွုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ထိုသို႔ ဗုံးေပါက္ကြဲမွုမ်ားျဖစ္ပြားၿပီးေနာက္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေနရာအႏွံစစ္ေဆးမွုမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here