ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိဟု နစက သတင်းထုတ်ပြန်

0
159

(Unicode)

ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိဟု နစက သတင်းထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊(၄၈)လမ်း၊အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများနှင့်ဆက်စပ်သူများကို အခင်းဖြစ်ပြီးငါးရက်အကြာ၌ လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက မှအောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ယာဉ်မောင်း ဝင်းမော်ဦး(၄၃)နှစ်၊ရဲနိုင်ဦး(၂၉)နှစ်၊ဟန်ဝင်းထွဋ်(၂၁)နှစ်၊ဒိုပေါက်(ခ)အောင်ဟိန်း(၂၅)နှစ်နှင့်သန်းနိုင်(၄၃)နှစ်တိုအား လက်နက်၊ခဲယမ်းများ၊ဘဏ်ဓားပြတိုက်စဉ်ကယူဆောင်သွားသည့် ငွေအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်ချက်အရ ဆက်စပ်ပြစ်မှုကျူးလွန်ရန်စေခိုင်းကူညီသူများဖြစ်သည့် အမျိုးသားခြောက်ဦးနှင့်အမျိုးသမီးတစ်ဦး တို့အားလက်နက်၊ခဲယမ်းများ၊ ဘဏ်ဓားပြတိုက်စဉ်ကယူဆောင်သွားသည့် ငွေအချို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အမျိုးသား ၁၁ ဦး၊အမျိုးသမီး တစ်ဦး၊ CZ 75 D ပစ္စတိုတစ်လက်၊ကျည်အိမ်တစ်ခု၊ကျည်သုံးတောင့်၊လက်လုပ်မိုင်းသုံးလုံး၊မော်တော်ယာဉ်နှစ်စီး၊လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး၊ဘဏ်ဓားပြတိုက်ရာတွင် ယူဆောင်သွားသည့် ငွေများအနက်မှ ငွေကျပ် ၂၈၁၄ သိန်းတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်ချက်အရ ပုဇွန်တောင်မြို့နယ်ရှိ ရစဖရုံးရှေ့၌ လက်လုပ်ဗုံးတစ်လုံး၊ရွှေပြည်သာမြိုနယ်၊(၈)ရပ်ကွက်၊ရုပ်ရှင်ရုံအနောက်ဖက်လမ်း အုတ်တံတိုင်းအနီးတွင် လက်လုပ်ဗုံးတစ်လုံး၊လှိုင်သာယာမြို့နယ်ရှိ ရစဖရုံးရှေ့နှင့်မီးခွက်စျေးမှတ်တိုင်ရှေ့ကားလမ်းမပေါ်တွင် လက်လုပ်ဗုံးတစ်လုံးတို့အား ဒိုပေါက်(ခ)အောင်ဟိန်းက ငွေကြေးရယူ၍ ဖောက်ခွဲခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်ခွဲအား အောက်တိုဘာ ၂၂ ရက်မွန်းတည့် ၁၂ နာရီခွဲတွင် အမျိုးသားငါးဦးက သေနတ်ဖြင့်ချိန်ရွယ်ကာ ဓားပြတိုက်ခဲ့ပြီး ငွေကျပ်သိန်း ၃၀၀၀ ကျော်အား ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

(Zawgyi)

ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ ကေမၻာဇဘဏ္ခြဲ ဓားျပတိုက္ခံရမွုျဖစ္စဥ္မွ ျပစ္မွုက်ဴးလြန္သူမ်ားကိုဖမ္းဆီးရမိဟု နစက သတင္းထုတ္ျပန္

ရန္ကုန္တိုင္းေဒသႀကီး၊ဗိုလ္တေထာင္ၿမိဳ႕နယ္၊(၉)ရပ္ကြက္၊(၄၈)လမ္း၊အလယ္ဘေလာက္ရွိ ကေမၻာဇဘဏ္ခြဲ ဓားျပတိုက္ခံရမွုျဖစ္စဥ္မွ ျပစ္မွုက်ဴးလြန္သူမ်ားႏွင့္ဆက္စပ္သူမ်ားကို အခင္းျဖစ္ၿပီးငါးရက္အၾကာ၌ လက္နက္၊ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္ဟု နစက မွေအာက္တိုဘာ ၂၇ ရက္က ထုတ္ျပန္ခဲ့သည္။

ျဖစ္စဥ္မွ ျပစ္မွုက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံျခဳံေရးတပ္ဖြဲ႕မ်ားက ေဆာင္ရြက္ခဲ့ရာ ျပစ္မွုက်ဴးလြန္သူမ်ားျဖစ္သည့္ ယာဥ္ေမာင္း ဝင္းေမာ္ဦး(၄၃)ႏွစ္၊ရဲနိုင္ဦး(၂၉)ႏွစ္၊ဟန္ဝင္းထြဋ္(၂၁)ႏွစ္၊ဒိုေပါက္(ခ)ေအာင္ဟိန္း(၂၅)ႏွစ္ႏွင့္သန္းနိုင္(၄၃)ႏွစ္တိုအား လက္နက္၊ခဲယမ္းမ်ား၊ဘဏ္ဓားျပတိုက္စဥ္ကယူေဆာင္သြားသည့္ ေငြအခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ယင္းသတင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ျပစ္မွုက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဆက္စပ္ျပစ္မွုက်ဴးလြန္ရန္ေစခိုင္းကူညီသူမ်ားျဖစ္သည့္ အမ်ိဳးသားေျခာက္ဦးႏွင့္အမ်ိဳးသမီးတစ္ဦး တို႔အားလက္နက္၊ခဲယမ္းမ်ား၊ ဘဏ္ဓားျပတိုက္စဥ္ကယူေဆာင္သြားသည့္ ေငြအခ်ိဳ႕ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္က ဆိုသည္။

ျဖစ္စဥ္မွ ျပစ္မွုက်ဴးလြန္သူ အမ်ိဳးသား ၁၁ ဦး၊အမ်ိဳးသမီး တစ္ဦး၊ CZ 75 D ပစၥတိုတစ္လက္၊က်ည္အိမ္တစ္ခု၊က်ည္သုံးေတာင့္၊လက္လုပ္မိုင္းသုံးလုံး၊ေမာ္ေတာ္ယာဥ္ႏွစ္စီး၊လိုင္စင္မဲ့ဆိုင္ကယ္ႏွစ္စီး၊ဘဏ္ဓားျပတိုက္ရာတြင္ ယူေဆာင္သြားသည့္ ေငြမ်ားအနက္မွ ေငြက်ပ္ ၂၈၁၄ သိန္းတို႔အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ထို႔အတူ ျပစ္မွုက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္ခ်က္အရ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ရစဖ႐ုံးေရွ႕၌ လက္လုပ္ဗုံးတစ္လုံး၊ေရႊျပည္သာၿမိဳနယ္၊(၈)ရပ္ကြက္၊႐ုပ္ရွင္႐ုံအေနာက္ဖက္လမ္း အုတ္တံတိုင္းအနီးတြင္ လက္လုပ္ဗုံးတစ္လုံး၊လွိုင္သာယာၿမိဳ႕နယ္ရွိ ရစဖ႐ုံးေရွ႕ႏွင့္မီးခြက္ေစ်းမွတ္တိုင္ေရွ႕ကားလမ္းမေပၚတြင္ လက္လုပ္ဗုံးတစ္လုံးတို႔အား ဒိုေပါက္(ခ)ေအာင္ဟိန္းက ေငြေၾကးရယူ၍ ေဖာက္ခြဲခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ကေမၻာဇဘဏ္ခြဲအား ေအာက္တိုဘာ ၂၂ ရက္မြန္းတည့္ ၁၂ နာရီခြဲတြင္ အမ်ိဳးသားငါးဦးက ေသနတ္ျဖင့္ခ်ိန္ရြယ္ကာ ဓားျပတိုက္ခဲ့ၿပီး ေငြက်ပ္သိန္း ၃၀၀၀ ေက်ာ္အား ယူေဆာင္သြားခဲ့ျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here