ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်းပြေးဆွဲရန် စီစဉ်

0
261

(Unicode)

ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်းပြေးဆွဲရန် စီစဉ်

ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်းပြေးဆွဲရန်နှင့် လောင်စာဆီ ကိစ္စတို့ကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အောက်တိုဘာလ ၂၇ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“လောလောဆယ် ဝန်ကြီးဌာနနဲ့တော့ မဆွေးနွေးရသေးဘူး။ကောင်စီဥက္ကဌနဲ့ ရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့ဆွေးနွေးကြတာ ဖြစ်လို့ ကျွန်တော်တို့ ဌာနက ဒီဆွေးနွေးချက်တွေကို ဆက်ပြီး လုပ်ဆောင်ရမဲ့ သဘောလို့ ယူဆပါတယ်။နိုင်ငံတစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့အခါ လေကြောင်းလိုင်းက အရေးပါ ပါတယ်။ဒါကြောင့် လေကြောင်း ကိစ္စက မဖြစ်မနေ ဆွေးနွေးကြမှာပါ”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

ဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး ၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့အရေး ၊ ဘိလပ်မြေနှင့်သံမဏိထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရန် နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုအရေး၊ လျှပ်စစ် ဓာတ်အား အသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေး ၊ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ကိစ္စ ၊ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ စသည်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir KASATONOV ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ကြပြီး အောက်တိုဘာလ ၂၅ ရက်၊ ၂၆ ရက်တို့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ)ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

(Zawgyi)

႐ုရွား-ျမန္မာ တိုက္ရိုက္ေလေၾကာင္းေျပးဆြဲရန္ စီစဥ္

႐ုရွား-ျမန္မာ တိုက္ရိုက္ေလေၾကာင္းေျပးဆြဲရန္ႏွင့္ ေလာင္စာဆီ ကိစၥတို႔ကို ျမန္မာနိုင္ငံသို႔ေရာက္ရွိေနသည့္ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရးႏွင့္ပူးေပါင္းေဆာင္ရြက္ေရးအသင္း ကိုယ္စားလွယ္အဖြဲ႕က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ႏွင့္ ေအာက္တိုဘာလ ၂၇ ရက္တြင္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

“ေလာေလာဆယ္ ဝန္ႀကီးဌာနနဲ႔ေတာ့ မေဆြးေႏြးရေသးဘူး။ေကာင္စီဥကၠဌနဲ႔ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအဖြဲ႕ေဆြးေႏြးၾကတာ ျဖစ္လို႔ ကၽြန္ေတာ္တို႔ ဌာနက ဒီေဆြးေႏြးခ်က္ေတြကို ဆက္ၿပီး လုပ္ေဆာင္ရမဲ့ သေဘာလို႔ ယူဆပါတယ္။နိုင္ငံတစ္ခုနဲ႔တစ္ခု ဆက္သြယ္တဲ့အခါ ေလေၾကာင္းလိုင္းက အေရးပါ ပါတယ္။ဒါေၾကာင့္ ေလေၾကာင္း ကိစၥက မျဖစ္မေန ေဆြးေႏြးၾကမွာပါ”ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး ဝန္ႀကီးဌာန တာဝန္ရွိသူက ေျပာသည္။

ေဆြးေႏြးရာတြင္ ႏွစ္နိုင္ငံခ်စ္ၾကည္ရင္းႏွီးမွု တိုးျမႇင့္ေရး ၊ ေလာင္စာဆီႏွင့္ သဘာဝဓာတ္ေငြ႕အေရး ၊ ဘိလပ္ေျမႏွင့္သံမဏိထုတ္လုပ္ေရး၊ ဓာတ္ေျမၾသဇာ ထုတ္လုပ္ရန္ နည္းပညာႏွင့္ရင္းႏွီးျမႇုပ္ႏွံမွုအေရး၊ လၽွပ္စစ္ ဓာတ္အား အသုံးျပဳ၍ အမ်ားျပည္သူ ပို႔ေဆာင္ေရး ၊ကမၻာ့လွည့္ခရီးသြားလုပ္ငန္း ကိစၥ ၊ က်န္းမာေရး၊ ပညာေရးႏွင့္ ယဥ္ေက်းမွုဆိုင္ရာကိစၥရပ္မ်ား စသည္တို႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၄ ရက္က ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၊ ဒုတိယေရတပ္ဦးစီးခ်ဳပ္ Vice Admiral Vladimir KASATONOV ဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ျမန္မာနိုင္ငံသို႔ေရာက္ရွိခဲ့ၾကၿပီး ေအာက္တိုဘာလ ၂၅ ရက္၊ ၂၆ ရက္တို႔တြင္ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ)ဦးေဆာင္ေသာ တပ္မေတာ္(ေရ) ကိုယ္စားလွယ္အဖြဲ႕ျဖင့္ ေတြ႕ဆုံေဆြးေႏြးၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here