လားရှိုးတွင် ငွေကျပ်သိန်း၂၄၀၀ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိ

0
165

(Unicode)

လားရှိုးတွင် ငွေကျပ်သိန်း၂၄၀၀ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိ

အောက်တိုဘာလ ၂၆ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း၊လားရှိုးမြို့နယ်မှာ ငွေကျပ်သိန်း ၂၄၀၀ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ရက်နေ့၊နံနက် ၉နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးပူးပေါင်းအဖွဲ့ဟာ သတင်းအရ လားရှိုး-တန့်ယန်းသွားကားလမ်း၊ခါးရှိုကျေးရွာအနီးမှာ ယာဉ်မောင်းဇော်ဦးမောင်းနှင်လာတဲ့ Lifan ၆ ဘီးမြေသယ်ယာဉ်ကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ ယာဉ်ပေါ်မှာ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၂၄၀၀ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဘိန်း ဖြူတွေကို မိုင်းရယ်မြို့နယ်မှ မန်တုံမြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ယာဉ်မောင်းဇော်ဦးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆင်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

(Zawgyi)

လားရွိုးတြင္ ေငြက်ပ္သိန္း၂၄၀၀ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴေတြ ဖမ္းဆီးရမိ

ေအာက္တိုဘာလ ၂၆ရက္ေန႔က ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊လားရွိုးၿမိဳ႕နယ္မွာ ေငြက်ပ္သိန္း ၂၄၀၀ေက်ာ္ တန္ဖိုးရွိတဲ့ ဘိန္းျဖဴေတြ ဖမ္းဆီးရမိမွု ျဖစ္ပြားခဲ့ပါတယ္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၂၆ရက္ေန႔၊နံနက္ ၉နာရီခြဲအခ်ိန္က မူးယစ္ေဆးဝါးတားဆီးႏွိမ္ နင္းေရးပူးေပါင္းအဖြဲ႕ဟာ သတင္းအရ လားရွိုး-တန့္ယန္းသြားကားလမ္း၊ခါးရွိုေက်းရြာအနီးမွာ ယာဥ္ေမာင္းေဇာ္ဦးေမာင္းႏွင္လာတဲ့ Lifan ၆ ဘီးေျမသယ္ယာဥ္ကို စစ္ေဆးခဲ့ပါတယ္။

စစ္ေဆးခ်က္အရ ယာဥ္ေပၚမွာ ေဒသကာလ တန္ဖိုးေငြက်ပ္သိန္း ၂၄၀၀ေက်ာ္တန္ဖိုးရွိတဲ့ ဘိန္းျဖဴ ၁၆၅ ကီလို သိမ္းဆည္းရမိခဲ့ၿပီး ဘိန္း ျဖဴေတြကို မိုင္းရယ္ၿမိဳ႕နယ္မွ မန္တုံၿမိဳ႕နယ္သို႔ သယ္ေဆာင္လာျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ယာဥ္ေမာင္းေဇာ္ဦးကို ဥပေဒအရ အေရးယူထားၿပီး ကြင္းဆင္ျပစ္မွုက်ဴးလြန္သူေတြကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here