ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၁၇ ခုပူးပေါင်းကာ ကျင်းပဆဲအာဆီယံထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်

0
533

(Unicode)

ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၁၇ ခုပူးပေါင်းကာ ကျင်းပဆဲအာဆီယံထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၁၇ ခုပူးပေါင်းကာ ဘရူနိုင်းနိုင်ငံ၌ကျင်းပလျက်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်တစ်စောင်အား အောင်တိုဘာ ၂၈ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အချက်ခြောက်ချက်ပါဝင်ပြီး နစက ဥက္ကဋ္ဌအား အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ခွင့်မပြုခြင်းအပေါ် အောက်တိုဘာ ၁ ရက်ကစတင်ဖြစ်ပေါ်ခဲ့သည့် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်သည် ပြည်တွင်းအရေးကိစ္စသာဖြစ်၍ အာဆီယံအစည်းအဝေးဖိတ်ကြားမှုနှင့်ယှဥ်တွဲစဥ်းစားရန် ကျိုးကြောင်းဆက်စပ်မှုမရှိကြောင်း ရေးသားထားသည်။

ထို့အတူ နစက၏ အခြေခံဥပဒေနှင့်အညီဆောင်ရွက်ချက်များ၊နိုင်ငံတကာကိစ္စရပ်များဆိုင်ရာဥပဒေ၊လုပ်ထုံးလုပ်နည်း၊ပဋိညာဏ်တို့နှင့်အညီ ဆောင်ရွက်ချက်များကိုလည်း အခိုင်အမာထောက်ခံကြောင်း ရေးသားထားသည်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here