ယနေ့နေသာပြီးရာသီဥတုကောင်းမွန်နေသော မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့ လာမည့် ၂ရက်အတွင်းမိုးရွာသွန်းနိုင်

0
250

(Unicode)

ယနေ့နေသာပြီးရာသီဥတုကောင်းမွန်နေသော မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့ လာမည့် ၂ရက်အတွင်းမိုးရွာသွန်းနိုင်

မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ယနေ့နေသာပြီး ရာသီဥတုကောင်းမွန်နေသော်လည်း မနက်ဖြန်ညနေပိုင်းမှစတင်ကာ လာမည့် ၂ရက်အတွင်း မိုးရွာသွန်းနိုင်ဖွယ်ရှိနေပါသည်။

၎င်းဖြစ်စဉ်မှာ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်၏ ကြွင်းကျန်တိမ်တိုက်များက အရှေ့ဘက်မှလာသောလေပွေလှိုင်းများအဖြစ် မြန်မာနိုင်ငံတောင်ပိုင်းမှဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်။

လက်ရှိမှာတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး လမ်းကြောင်းမှာ သီရိလင်္ကာနိုင်ငံဘက်သို့ဦးတည်နေကာ မုန်တိုင်းဖြစ်ပေါ်ရန်အလားအလာမရှိသေးပေ။

လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်ဖွယ်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာတော့ မိုးရွာသွန်းနိုင်မှုအလားအလာမရှိသေးပါ။

Source – Wai Phyo Han
Photo – မိုးဇလ

(Zawgyi)

ယေန႔ေနသာၿပီးရာသီဥတုေကာင္းမြန္ေနေသာ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသအခ်ိဳ႕ လာမည့္ ၂ရက္အတြင္းမိုး႐ြာသြန္းႏိုင္

ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားျဖစ္သည့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ယေန႔ေနသာၿပီး ရာသီဥတုေကာင္းမြန္ေနေသာ္လည္း မနက္ျဖန္ညေနပိုင္းမွစတင္ကာ လာမည့္ ၂ရက္အတြင္း မိုး႐ြာသြန္းႏိုင္ဖြယ္ရွိေနပါသည္။

၎ျဖစ္စဥ္မွာ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ျဖစ္ေပၚေနေသာမုန္တိုင္းငယ္၏ ႂကြင္းက်န္တိမ္တိုက္မ်ားက အေရွ႕ဘက္မွလာေသာေလေပြလႈိင္းမ်ားအျဖစ္ ျမန္မာႏိုင္ငံေတာင္ပိုင္းမွဝင္ေရာက္လာျခင္းေၾကာင့္ျဖစ္သည္။

လက္ရွိမွာေတာ့ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚေနၿပီး လမ္းေၾကာင္းမွာ သီရိလကၤာႏိုင္ငံဘက္သို႔ဦးတည္ေနကာ မုန္တိုင္းျဖစ္ေပၚရန္အလားအလာမရွိေသးေပ။

လာမည့္ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံေတာင္ပိုင္းႏွင့္ အလယ္ပိုင္းေဒသမ်ားတြင္ မိုး႐ြာသြန္းႏိုင္ဖြယ္ရွိေသာ္လည္း ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားမွာေတာ့ မိုး႐ြာသြန္းႏိုင္မႈအလားအလာမရွိေသးပါ။

Source – Wai Phyo Han
Photo – မိုးဇလ


LEAVE A REPLY

Please enter your comment!
Please enter your name here