(Unicode)
နိုင်ငံခြားသားတွေအတွက် နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ခြင်းကို နိုဝင်ဘာ၁ရက်တွင် စတင်ဆောင်ရွက်မည်
မြန်မာနိုင်ငံကိုဝင်ရောက် လာပြီး နေထိုင်အလုပ် လုပ်ကိုင်နေကြတဲ့ နိုင်ငံ ခြားသားတွေအတွက် E-Stay Extension နေခွင့်သက်တမ်းတိုးမြှင့်ခြင်းကို နိုဝင်ဘာ၁ရက်နေ့ကစပြီး ဆောင်ရွက် ပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးဦးစီး ဌာန၊နိုင်ငံခြားသားများရေး ရာဌာနမှ သိရပါတယ်။
e-Visa(business)နဲ့ ဝင်ရောက်လာသူတွေသာ သက်တမ်းတိုးခွင့်ရမှာဖြစ်ပြီး အပြည်ပြည်ဆိုင် ရာလေဆိပ်နဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တဲ့အခါ
e-Visa(business) နဲ့ ဝင်လာသူတွေကို ဆက် ပြီးသက်တမ်းတိုးနိုင်ဖို့အတွက် ကြိုတင်ပြင် ဆင်စမ်းသပ် ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
နေထိုင်ခွင့်သက်တမ်းတိုးလိုတဲ့ နိုင်ငံခြားသားတွေအတွက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက် http://estay.moip.gov.mm မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး သက်တမ်းတိုးသူတွေလိုက်နာရမယ့်စည်းကမ်းချက်တွေကိုလည်း ဖော်ပြပေးထားပါတယ်။
အသေးစိတ်သိရှိလိုသူတွေအနေနဲ့ ရုံးအမှတ်- ၄၈၊လူဝင်မှုကြီးရေးဦးစီးဌာန၊ဖုန်း-၀၆၇-၃၄၃၁၅၁၅နဲ့ အမှတ်-၁၁၈/၁၂၂၊ ပန်းဆိုးတန်းလမ်းမကြီး၊နေခွင့်ပြည်ပြန်ဝင်ခွင့်ဌာန၊ဖုန်း-၀၁-၈၃၇၂၉၀၃ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနဟာ ၂၀၁၄ခုနှစ် ၊စက်တင်ဘာလ ၁ ရက်နေ့ကစပြီး e-Visa website ကို တရားဝင်လွှင့်တင်ခဲ့ပြီး ကမ္ဘာလှည့်ဗီဇာနဲ့ လုပ်ငန်းဗီဇာတို့ကို electronic system နဲ့ ထုတ်ပေးခဲ့တာပါ။
(Zawgyi)
ႏိုင္ငံျခားသားေတြအတြက္ ေနထိုင္ခြင့္သက္တမ္းတိုးျမႇင့္ျခင္းကို ႏိုဝင္ဘာ၁ရက္တြင္ စတင္ေဆာင္႐ြက္မည္
ျမန္မာႏိုင္ငံကိုဝင္ေရာက္ လာၿပီး ေနထိုင္အလုပ္ လုပ္ကိုင္ေနၾကတဲ့ ႏိုင္ငံ ျခားသားေတြအတြက္ E-Stay Extension ေနခြင့္သက္တမ္းတိုးျမႇင့္ျခင္းကို ႏိုဝင္ဘာ၁ရက္ေန႔ကစၿပီး ေဆာင္႐ြက္ ေပးသြားမယ္လို႔ လူဝင္မႈ ႀကီးၾကပ္ေရးဦးစီး ဌာန၊ႏိုင္ငံျခားသားမ်ားေရး ရာဌာနမွ သိရပါတယ္။
e-Visa(business)နဲ႔ ဝင္ေရာက္လာသူေတြသာ သက္တမ္းတိုးခြင့္ရမွာျဖစ္ၿပီး အျပည္ျပည္ဆိုင္ ရာေလဆိပ္နဲ႔ နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္တဲ့အခါ
e-Visa(business) နဲ႔ ဝင္လာသူေတြကို ဆက္ ၿပီးသက္တမ္းတိုးႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ ဆင္စမ္းသပ္ ေဆာင္႐ြက္ျခင္းျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။
ေနထိုင္ခြင့္သက္တမ္းတိုးလိုတဲ့ ႏိုင္ငံျခားသားေတြအတြက္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနရဲ႕ ဝက္ဘ္ဆိုက္ http://estay.moip.gov.mm မွာ ဝင္ေရာက္ၾကည့္ရႈႏိုင္ၿပီး သက္တမ္းတိုးသူေတြလိုက္နာရမယ့္စည္းကမ္းခ်က္ေတြကိုလည္း ေဖာ္ျပေပးထားပါတယ္။
အေသးစိတ္သိရွိလိုသူေတြအေနနဲ႔ ႐ုံးအမွတ္- ၄၈၊လူဝင္မႈႀကီးေရးဦးစီးဌာန၊ဖုန္း-၀၆၇-၃၄၃၁၅၁၅နဲ႔ အမွတ္-၁၁၈/၁၂၂၊ ပန္းဆိုးတန္းလမ္းမႀကီး၊ေနခြင့္ျပည္ျပန္ဝင္ခြင့္ဌာန၊ဖုန္း-၀၁-၈၃၇၂၉၀၃ သို႔ ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း သိရပါတယ္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ ႀကီးဌာနဟာ ၂၀၁၄ခုႏွစ္ ၊စက္တင္ဘာလ ၁ ရက္ေန႔ကစၿပီး e-Visa website ကို တရားဝင္လႊင့္တင္ခဲ့ၿပီး ကမာၻလွည့္ဗီဇာနဲ႔ လုပ္ငန္းဗီဇာတို႔ကို electronic system နဲ႔ ထုတ္ေပးခဲ့တာပါ။