ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးနှင့်မတရားဖမ်းဆီးခံရသူများကို လွှတ်ပေးရန် သြစတြေးလျဝန်ကြီးချုပ်တောင်းဆို

0
248

(Unicode)

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးနှင့်မတရားဖမ်းဆီးခံရသူများကို လွှတ်ပေးရန် သြစတြေးလျဝန်ကြီးချုပ်တောင်းဆို

သြစတြေးလျဝန်ကြီးချုပ်စကော့မောရစ်ဆင်က ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား ပါမောက္ခမစ္စတာရှောင်တာနယ်နှင့်မတရားဖမ်းဆီးခံရသူများကို လွှတ်ပေးရန် အာဆီယံထိပ်သီးအစည်းအဝေး၌ပြောကြား တောင်းဆိုခဲ့သည်။

“မြန်မာစစ်တပ်က ပြည်သူတွေကိုမတရားဖမ်းဆီးတာ၊အကြမ်းဖက်နှိပ်စက်တာတွေမလုပ်ဖို့တောင်းဆိုပါတယ် နောက်ပြီးမတရားဖမ်းဆီးခံထားရတဲ့သူတွေနဲ့ ကျွန်တော်တို့နိုင်ငံသား စီးပွားရေးအကြံပေးပါမောက္ခမစ္စတာရှောင်တာနယ်တို့ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ် အာဆီယံရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေကိုလည်း အားပေးကူညီထောက်ခံသွားမှာပါ”ဟု သြစတြေးလျဝန်ကြီးချုပ်စကော့မောရစ်ဆင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ပါမောက္ခမစ္စတာရှောင်တာနယ်အား ၎င်း၏ ကွန်ပျူတာအတွင်းမှတွေ့ရသည့် စာရွက်စာတမ်းနှင့်ပတ်သက်၍ နစကမှ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေဖြင့်တရားစွဲဆိုထားခြင်း ခံထားရသည်။

Photo – Japan Times

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရးအႀကံေပးႏွင့္မတရားဖမ္းဆီးခံရသူမ်ားကို လႊတ္ေပးရန္ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ေတာင္းဆို

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္စေကာ့ေမာရစ္ဆင္က ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရးအႀကံေပးျဖစ္သူ ၾသစေၾတးလ်ႏိုင္ငံသား ပါေမာကၡမစၥတာေရွာင္တာနယ္ႏွင့္မတရားဖမ္းဆီးခံရသူမ်ားကို လႊတ္ေပးရန္ အာဆီယံထိပ္သီးအစည္းအေဝး၌ေျပာၾကား ေတာင္းဆိုခဲ့သည္။

“ျမန္မာစစ္တပ္က ျပည္သူေတြကိုမတရားဖမ္းဆီးတာ၊အၾကမ္းဖက္ႏွိပ္စက္တာေတြမလုပ္ဖို႔ေတာင္းဆိုပါတယ္ ေနာက္ၿပီးမတရားဖမ္းဆီးခံထားရတဲ့သူေတြနဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံသား စီးပြားေရးအႀကံေပးပါေမာကၡမစၥတာေရွာင္တာနယ္တို႔ကိုလည္း အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္ အာဆီယံရဲ႕ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီးလုပ္ေဆာင္ခ်က္ေတြကိုလည္း အားေပးကူညီေထာက္ခံသြားမွာပါ”ဟု ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္စေကာ့ေမာရစ္ဆင္ကေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရးအႀကံေပး ပါေမာကၡမစၥတာေရွာင္တာနယ္အား ၎၏ ကြန္ပ်ဴတာအတြင္းမွေတြ႕ရသည့္ စာ႐ြက္စာတမ္းႏွင့္ပတ္သက္၍ နစကမွ ႏိုင္ငံေတာ္လ်ိဳ႕ဝွက္အက္ဥပေဒျဖင့္တရားစြဲဆိုထားျခင္း ခံထားရသည္။

Photo – Japan Times


LEAVE A REPLY

Please enter your comment!
Please enter your name here