၂၀၂၂ အမျိုးသမီးအာရှဖလားအတွက် အုပ်စုဇယားများ ထွက်ပေါ်

0
293

(Unicode)

၂၀၂၂ အမျိုးသမီးအာရှဖလားအတွက် အုပ်စုဇယားများ ထွက်ပေါ်

၂၀၂၂ အမျိုးသမီးအာရှဖလားပြိုင်ပွဲကို အသင်း (၁၂)သင်း၊ အုပ်စု (၃)စုခွဲပြီး ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အုပ်စု (က) မှာ အိန္ဒိယ၊အီရန်၊တိုင်ပေနဲ့ တရုတ် အသင်းတို့ပါဝင်ပြီး အုပ်စု (ခ)မှာ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ထိုင်းနဲ့ ဩစတေးလျအသင်းတို့ပါဝင်ပါတယ်။

အုပ်စု(ဂ)မှာတော့ မြန်မာအသင်းနဲ့အတူ တောင် ကိုရီးယား၊ဗီယက်နမ်နဲ့ ဂျပန်အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၂၂ အာရှဖလားအမျိုးသမီး ပြိုင်ပွဲအတွက် မဲခွဲပွဲကို အောက်တိုဘာလ ၂၈ရက်နေ့က မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီ ၂၀ရက်နေ့မှ ဖေဖော်ဝါရီ ၆ ရက်ထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here