ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နေအိမ်လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

0
181

(Unicode)

ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နေအိမ်လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ပေါင်မြို့၊ပေါင်းရပ်ကွက်ဘုရားကြီးလမ်းပေါ်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦး ၏နေအိမ်အား အောက်တိုဘာ ၂၈ ရက်နံနက် ၄ နာရီခန့် က လက်ပစ် ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရကြောင်း သိရသည်။

“သူက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ လည်းဖြစ်သလို လက်ရှိမှာလည်း ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အဖွဲ့ဝင်တစ်ယောက်ပါ၊သူ့ခြံအပြင်ကနေ အိမ်ကိုဗုံးနဲ့လှမ်းပစ်သွားတာလို့ သိထားရတယ်”ဖြစ်စဥ်အနီးနေသူတစ်ဦးကပြောသည်။

ဗုံးပစ်ခံရမှုကြောင့် နေအိမ်အမိုး၊နံရံ၊ကြမ်းပြင်နှင့်တီဗွီ၊အိမ်အသုံးအဆောင်ပစ္စည်းအချို့ပျက်စီးခဲ့သည်၊၊လူထိခိုက်ဒဏ်ရာရရှိမှာမရှိကြောင်း ဖြစ်စဥ်အနီးနေသူကဆက်ပြောသည်။

(Zawgyi)

ေပါင္ၿမိဳ႕နယ္ ႀကံ့ခိုင္ေရးပါတီဥကၠ႒ ေနအိမ္လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ခံရ

 

မြန္ျပည္နယ္၊ေပါင္ၿမိဳ႕နယ္၊ေပါင္ၿမိဳ႕၊ေပါင္းရပ္ကြက္ဘုရားႀကီးလမ္းေပၚရွိ ႀကံ့ခိုင္ေရးပါတီဥကၠ႒ ဦးေက်ာ္လင္းဦး ၏ေနအိမ္အား ေအာက္တိုဘာ ၂၈ ရက္နံနက္ ၄ နာရီခန္႔ က လက္ပစ္ ဗုံးျဖင့္ပစ္ေပါက္ခံခဲ့ရေၾကာင္း သိရသည္။

“သူက ႀကံ့ခိုင္ေရးပါတီ ဥကၠ႒ လည္းျဖစ္သလို လက္ရွိမွာလည္း ေပါင္ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕အဖြဲ႕ဝင္တစ္ေယာက္ပါ၊သူ႔ၿခံအျပင္ကေန အိမ္ကိုဗုံးနဲ႔လွမ္းပစ္သြားတာလို႔ သိထားရတယ္”ျဖစ္စဥ္အနီးေနသူတစ္ဦးကေျပာသည္။

ဗုံးပစ္ခံရမႈေၾကာင့္ ေနအိမ္အမိုး၊နံရံ၊ၾကမ္းျပင္ႏွင့္တီဗြီ၊အိမ္အသုံးအေဆာင္ပစၥည္းအခ်ိဳ႕ပ်က္စီးခဲ့သည္၊၊လူထိခိုက္ဒဏ္ရာရရွိမွာမရွိေၾကာင္း ျဖစ္စဥ္အနီးေနသူကဆက္ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here