နေ့စား လပေးဆရာဆရာမတွေကို ကိုဗစ်ကျောင်းပိတ်ကာလအတွက် လစာပေးတော့မယ်

0
144

(Unicode)

နေ့စား လပေးဆရာဆရာမတွေကို ကိုဗစ်ကျောင်းပိတ်ကာလအတွက် လစာပေးတော့မယ်

တိုင်းရင်းသားစာပေနဲ့ ဘာသာစကားသင်ကြားပေးကြတဲ့ နေ့စား လပေး ဆရာဆရာမတွေအနေနဲ့ ကိုဗစ်ကာလအတွက် လစာ ရရှိကြတော့မှာပါ။

လစာမရကြတဲ့ ဆရာဆရာမတွေက တိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီးဌာနကို စာတင်ပြခဲ့ပြီးတဲ့နောက် ဝန်ကြီးဌာနအနေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ငွေထဲက ပိုလျှံတာ ရှိတယ်ဆိုရင် ဆရာဆရာမတွေရဲ့ အခွင့်အရေးအတွက် ဒီလို ကာလမှာ လစာပေးဖို့ အကြိမ်ကြိမ်တင်ပြညှိနှိုင်းပြီးတဲ့နောက်မှာတော့ ပြီးခဲ့တဲ့ ကိုဗစ်ကာလကျောင်းပိတ်ရက်တွေထဲက စက်တင်ဘာလ နဲ့ အောက်တိုဘာလ လစာတွေကို ရကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းရင်းသား ဆရာ ဆရာမ အများစုဟာ TA/LT လုပ်အားခ ရမှပဲစားဝတ်နေရေးအဆင်ပြေတဲ့ သူတွေ ဖြစ်ကြပါတယ်။

TA/LT ဆရာ ဆရာမတွေအနေနဲ့ နေ့စား လရှင်း သဘော ဖြစ်တယ်ဆိုပေမဲ့ တိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီးဌာနအနေနဲ့ကတော့ လူ့စွမ်းအား အရင်းအမြစ်တွေကို တန်ဖိုးထားပြီးတော့ ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက် ထဲက လခထည့်ဆွဲပေးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ပြခဲ့ကြတာပါ။

ပညာရေးဝန်ကြီးဌာန နဲ့ တိုင်း ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ တွေကို တိုင်းဒေသကြီး ၊ ပြည်နယ်တွေက အခြေခံ ပညာကျောင်းတွေမှာ မူချမှတ်ခန့်အပ်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ တစ်သောင်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ် ။

(Zawgyi)

ေန႔စား လေပးဆရာဆရာမေတြကို ကိုဗစ္ေက်ာင္းပိတ္ကာလအတြက္ လစာေပးေတာ့မယ္

တိုင္းရင္းသားစာေပနဲ႔ ဘာသာစကားသင္ၾကားေပးၾကတဲ့ ေန႔စား လေပး ဆရာဆရာမေတြအေနနဲ႔ ကိုဗစ္ကာလအတြက္ လစာ ရရွိၾကေတာ့မွာပါ။

လစာမရၾကတဲ့ ဆရာဆရာမေတြက တိုင္းရင္း သားလူမ်ိဳးေရးရာ ဝန္ႀကီးဌာနကို စာတင္ျပခဲ့ၿပီးတဲ့ေနာက္ ဝန္ႀကီးဌာနအေနနဲ႔ ပညာေရးဝန္ႀကီးဌာနရဲ႕ ဘတ္ဂ်က္ေငြထဲက ပိုလွ်ံတာ ရွိတယ္ဆိုရင္ ဆရာဆရာမေတြရဲ႕ အခြင့္အေရးအတြက္ ဒီလို ကာလမွာ လစာေပးဖို႔ အႀကိမ္ႀကိမ္တင္ျပညႇိႏႈိင္းၿပီးတဲ့ေနာက္မွာေတာ့ ၿပီးခဲ့တဲ့ ကိုဗစ္ကာလေက်ာင္းပိတ္ရက္ေတြထဲက စက္တင္ဘာလ နဲ႔ ေအာက္တိုဘာလ လစာေတြကို ရၾကမွာ ျဖစ္တယ္လို႔ သိရပါတယ္။

တိုင္းရင္းသား ဆရာ ဆရာမ အမ်ားစုဟာ TA/LT လုပ္အားခ ရမွပဲစားဝတ္ေနေရးအဆင္ေျပတဲ့ သူေတြ ျဖစ္ၾကပါတယ္။

TA/LT ဆရာ ဆရာမေတြအေနနဲ႔ ေန႔စား လရွင္း သေဘာ ျဖစ္တယ္ဆိုေပမဲ့ တိုင္းရင္း သားလူမ်ိဳးေရးရာ ဝန္ႀကီးဌာနအေနနဲ႔ကေတာ့ လူ႔စြမ္းအား အရင္းအျမစ္ေတြကို တန္ဖိုးထားၿပီးေတာ့ ပညာေရးဝန္ႀကီးဌာနရဲ႕ ဘတ္ဂ်က္ ထဲက လခထည့္ဆြဲေပးသင့္တယ္ဆိုတဲ့အေၾကာင္းကို တင္ျပခဲ့ၾကတာပါ။

ပညာေရးဝန္ႀကီးဌာန နဲ႔ တိုင္း ရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွာ တိုင္းရင္းသားဘာသာသင္ ဆရာ၊ ဆရာမ ေတြကို တိုင္းေဒသႀကီး ၊ ျပည္နယ္ေတြက အေျခခံ ပညာေက်ာင္းေတြမွာ မူခ်မွတ္ခန႔္အပ္ခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ ျမန္မာတစ္ႏိုင္ငံလုံးမွာ တိုင္းရင္းသားဘာသာသင္ ဆရာ၊ ဆရာမ တစ္ေသာင္းခြဲေလာက္ ရွိေနတယ္လို႔လည္း သိရပါတယ္ ။


LEAVE A REPLY

Please enter your comment!
Please enter your name here