အမေရိကန်သမ္မတရဲ့ B သုံးလုံး အစီအစဉ် COP26 ညီလာခံမတိုင်ခင် သဘောတူညီချက်ရရန် ဆန္ဒရှိနေ

0
202

အမေရိကန်သမ္မတရဲ့ B သုံးလုံး အစီအစဉ် COP26 ညီလာခံမတိုင်ခင် သဘောတူညီချက်ရရန် ဆန္ဒရှိနေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးရည်မှန်းချက်တွေထဲက ဒေါ်လာ ၁ ဒဿမ ၇၅ ထရီလီယံ အသုံးပြု့ဖော်ဆောင်မဲ့ B သုံးလုံးအစီအစဉ်ကို ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံမတိုင် သဘောတူညီချက် ရဖို့အတွက် သမ္မတကဆန္ဒရှိနေပါတယ်။

သမ္မတရဲ့ B သုံးလုံးအစီအစဉ်ထဲမှာ ဒေါ်လာ ၅၀၀ ဘီလီယံကျော်ကို ဖန်လုံအိမ်အာနိသင်ကိုဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လျော့ချရေး အတွက်အသုံးပြုသွားမှာဖြစ်ပါတယ်။ဒါ့အပြင် မုန်တိုင်းများ၊မိုးခေါင်ရေရှားမှုများ နဲ့တောမီးလောင်ကျွမ်းမှု တွေကနေ ပြန်လည်တည်ထောင်ရေးအတွက် ဒေါ်လာဘီလီယံ ၁၀၀ ကိုလည်းသုံးစွဲသွားမှာဖြစ်ပါတယ်။

သမ္မတရဲ့ အစီအစဉ်ထဲမှ ဝင်ငွေနည်းပါးသည့် မိသားစုတွေနဲ့တစ်ဦးတစ်ယောက်ချင်းစီကို လည်းထောက်ပံ့ပေးသွားမှာဖြစ်သလို ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ကလေးငယ်တွေပြုစုစောင့်ရှောက်ဖို့အတွက်လည်းထောက်ပံ့ပေးသွားမှာဖြစ်ပြီး သန့်ရှင်းတဲ့စွမ်းအင်၊အလုပ်အကိုင်တွေပိုမိုဖန်တီးပေးရေးနဲ့လျှပ်စစ်ယာဉ်တွေပိုမိုထုတ်လုပ်ရေးတွေမှာလည်း ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံကို စကော့တလန်ရှိ Glasgow မြို့မှာ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်၊၊ ညီလာခံကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တက်ရောက်ပြီး အမေရိကန်နိုင်ငံအနေနဲ့ ကာဗွန်ကင်းစင် ရေးမှာ ကမ္ဘာကြီးကိုဦးဆောင်နေကြောင်းပြသဖို့အတွက် လည်းဆန္ဒရှိနေပါတယ်။

 

Zaw Gyi

အေမရိကန္သမၼတရဲ႕ B သုံးလုံး အစီအစဥ္ COP26 ညီလာခံမတိုင္ခင္ သေဘာတူညီခ်က္ရရန္ ဆႏၵရွိေန

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္ရဲ႕ ရာသီဥတုေျပာင္းလဲမႈတိုက္ဖ်က္ေရးရည္မွန္းခ်က္ေတြထဲက ေဒၚလာ ၁ ဒႆမ ၇၅ ထရီလီယံအသုံးျပဳ႕ေဖာ္ေဆာင္မဲ့ B သုံးလုံးအစီအစဥ္ကို ကုလသမဂၢရာသီဥတုေျပာင္းလဲမႈဆိုင္ရာ COP26 ညီလာခံမတိုင္ သေဘာတူညီခ်က္ရဖို႔အတြက္ သမၼတကဆႏၵရွိေနပါတယ္။

သမၼတရဲ႕ B သုံးလုံးအစီအစဥ္ထဲမွာ ေဒၚလာ ၅၀၀ ဘီလီယံေက်ာ္ကို ဖန္လုံအိမ္အာနိသင္ကိုျဖစ္ေပၚေစတဲ့ဓာတ္ေငြ႕ေတြထုတ္လႊတ္မႈေလ်ာ့ခ်ေရးအတြက္အသုံးျပဳသြားမွာျဖစ္ပါတယ္။ဒါ့အျပင္ မုန္တိုင္းမ်ား၊မိုးေခါင္ေရရွားမႈမ်ားနဲ႔ေတာမီးေလာင္ကြၽမ္းမႈေတြကေန ျပန္လည္တည္ေထာင္ေရးအတြက္ ေဒၚလာဘီလီယံ ၁၀၀ ကိုလည္းသုံးစြဲသြားမွာျဖစ္ပါတယ္။

သမၼတရဲ႕ အစီအစဥ္ထဲမွ ဝင္ေငြနည္းပါးသည့္ မိသားစုေတြနဲ႔တစ္ဦးတစ္ေယာက္ခ်င္းစီကို လည္းေထာက္ပံ့ေပးသြားမွာျဖစ္သလို ပညာေရး၊က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ကေလးငယ္ေတြျပဳစုေစာင့္ေရွာက္ဖို႔အတြက္လည္းေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး သန္႔ရွင္းတဲ့စြမ္းအင္၊အလုပ္အကိုင္ေတြပိုမိုဖန္တီးေပးေရးနဲ႔လွ်ပ္စစ္ယာဥ္ေတြပိုမိုထုတ္လုပ္ေရးေတြမွာလည္း ရင္းႏွီးျမႇဳပ္ႏွံသြားမွာျဖစ္ပါတယ္။

ကုလသမဂၢရာသီဥတုေျပာင္းလဲမႈဆိုင္ရာ COP26 ညီလာခံကို စေကာ့တလန္ရွိ Glasgow ၿမိဳ႔မွာ ေအာက္တိုဘာ ၃၁ ရက္ကေန ႏိုဝင္ဘာ ၁၂ ရက္အထိ ျပဳလုပ္သြားမွာျဖစ္ပါတယ္၊၊ ညီလာခံကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္တက္ေရာက္ၿပီး အေမရိကန္ႏိုင္ငံအေနနဲ႔ ကာဗြန္ကင္းစင္ေရးမွာ ကမာၻႀကီးကိုဦးေဆာင္ေနေၾကာင္းျပသဖို႔အတြက္ လည္းဆႏၵရွိေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here