ရွာသာကြီးစက်မှုဇုန်ရှိ ပလပ်စတစ်စက်ရုံတစ်ခုတွင် ယနေ့နံနက်က မီးလောင်မှု ဖြစ်

0
282

(Unicode)

ရွာသာကြီးစက်မှုဇုန်ရှိ ပလပ်စတစ်စက်ရုံတစ်ခုတွင် ယနေ့နံနက်က မီးလောင်မှု ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှု(၂)လမ်း၊ ရွာသာကြီးစက်မှုဇုန်တွင် ယနေနိုဝင်ဘာလ (၁)ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

“ဒီနေ့ မနက် ၂ နာရီ ကျော်က လောင်တာ၊ ၁၄၄ စက်မှုဇုန်ထဲ စက်မှု၂လမ်း မှာပါ။ရွာသာကြီးလိုင်စင်ရုံးနဲ့ မလှမ်းမကမ်းလေးပဲ။မီးသတ်က ရောက်ပြီး မီးငြှိမ်းတာ ၁၅ မိနစ်လောက် အချိန်ကြာတော့ မီးထိန်းနိုင်တယ်၊နောက်တော့ ၂ နာရီ ခွဲ ကျော် လောက်မှာ မီးငြှိမ်း သွားပါတယ်။ပလပ်စတစ်စက်ရုံက လောင်တာပါ။ဘာကြောင့်လောင်တယ်ဆိုတာတော့ စစ်နေကြတုန်းပါ”ဟု အဆိုပါမီးလောင်မှု အနီးဒေသခံတစ်ဦးကပြောသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အဆိုပါ မီးလောင်မှုကို Level 1 ယာဉ်အုပ်စု ထွက်ခွာ၍ ငြှိမ်းသတ်ခဲ့ရကြောင်းထုတ်ပြန်ထားသော်လည်း ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here