ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Richardson မြန်မာနိုင်ငံကိုယနေ့ ရောက်မည်

0
242

(Unicode)

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Richardson မြန်မာနိုင်ငံကိုယနေ့ ရောက်မည်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီအကြံပေး အဖြစ် တာဝန်ယူခဲ့သူ ၊သမ္မတ ဘီလ်ကလင်တန် လက်ထက်က စွမ်းအင်ဝန်ကြီး Bill Richardson မြန်မာနိုင်ငံကို ရောက်မည် ဟု ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။

Bill Richardson အနေဖြင့် သူ၏ခရီးစဉ်တွင် ကိုဗစ် ကိစ္စ ပြည်သူ့ကျန်းမာရေး အပြင် လူသားချင်းစာနာမှုဆိုင်ရာကိစ္စ အကူအညီပေးရေးများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါဌာန၏ တာဝန်ရှိသူကပြောသည်။

အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres လည်း သိရှိကြောင်း AP သတင်းတွင်ရေးသားထားသည်။ မစ္စတာ ရစ်ချက်ဆန် – Bill Richardson သည် စပိန်စကားပြော နွယ်ဖွားများအနက် အအောင်မြင်ဆုံး၊ အထင်ရှားဆုံး ဝါရင့် နိုင်ငံရေးသမား တစ်ဦး ဖြစ်ကြောင်းလည်း မီဒီယာသမားများက ရေးသားကြသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ယခုရက်ပိုင်းအတွင်း ဆက်ဆံရေး စိပ်လာနေသော နစက အနေဖြင့် မည်သည့် သတင်းကိုမှ အသေးစိပ် ထုတ်ပြန်မူ့ကိုမတွေ့ရသေးပေ။

(Zawgyi)

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း Bill Richardson ျမန္မာႏိုင္ငံကိုယေန႔ ေရာက္မည္

ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္းလည္းျဖစ္၊ New Mexico ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္းလည္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္က ျမန္မာႏိုင္ငံ၏ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖၚ ေဆာင္႐ြက္ေရးေကာ္မတီအႀကံေပး အျဖစ္ တာဝန္ယူခဲ့သူ ၊သမၼတ ဘီလ္ကလင္တန္ လက္ထက္က စြမ္းအင္ဝန္ႀကီး Bill Richardson ျမန္မာႏိုင္ငံကို ေရာက္မည္ ဟု ျပန္ၾကားေရးဝန္ႀကီးဌာနက သိရသည္။

Bill Richardson အေနျဖင့္ သူ၏ခရီးစဥ္တြင္ ကိုဗစ္ ကိစၥ ျပည္သူ႔က်န္းမာေရး အျပင္ လူသားခ်င္းစာနာမႈဆိုင္ရာကိစၥ အကူအညီေပးေရးမ်ားအတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမည္ ျဖစ္ေၾကာင္း အဆိုပါဌာန၏ တာဝန္ရွိသူကေျပာသည္။

အဆိုပါ ခရီးစဥ္ႏွင့္ပတ္သက္၍ လက္ရွိ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres လည္း သိရွိေၾကာင္း AP သတင္းတြင္ေရးသားထားသည္။ မစၥတာ ရစ္ခ်က္ဆန္ – Bill Richardson သည္ စပိန္စကားေျပာ ႏြယ္ဖြားမ်ားအနက္ အေအာင္ျမင္ဆုံး၊ အထင္ရွားဆုံး ဝါရင့္ ႏိုင္ငံေရးသမား တစ္ဦး ျဖစ္ေၾကာင္းလည္း မီဒီယာသမားမ်ားက ေရးသားၾကသည္။

ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားႏွင့္ ယခုရက္ပိုင္းအတြင္း ဆက္ဆံေရး စိပ္လာေနေသာ နစက အေနျဖင့္ မည္သည့္ သတင္းကိုမွ အေသးစိပ္ ထုတ္ျပန္မူ႔ကိုမေတြ႕ရေသးေပ။


LEAVE A REPLY

Please enter your comment!
Please enter your name here