ချင်းပြည်နယ်၊ ထန်တလန်အရေးကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကရှုတ်ချကြောင်းစာထုတ်ပြန်

0
135

(Unicode)

ချင်းပြည်နယ်၊ ထန်တလန်အရေးကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကရှုတ်ချကြောင်းစာထုတ်ပြန်

ချင်းပြည်နယ်၊ထန်ထလန်မြို့မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်မှု၊မီးရှို့မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး နစက ကိုအမေရိကန်နိုင်ငံကရှုတ်ချကြောင်း အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

“ထန်တလန်က အိမ်ခြေ ၁၀၀ ကျော်အပါအဝင် ဘုရားကျောင်းနှစ်ကျောင်းကို မီးရှို့ဖျက်ဆီးတာ၊လူ့အခွင့်အရေးချိုးဖောက်တာတွေအတွက် အမေရိကန်က အထူးစိုးရိမ်ပြီး မြန်မာစစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်”လို့ အမေရိကန်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr.Ned Price ကပြောပါတယ်။

အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေးပြန်လည်ဖော်ဆောင်ရန် တောင်းဆိုပါသည်ဟုလည်း ၄င်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီရရှိဖို့ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားမှာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ဖမ်းဆီးခံထားရတဲ့သူတွေကိုချက်ခြင်းပြန်လွှတ်ဖို့တွေအမြန်ဆုံးရပ်တန့်ဖို့အတွက်လည်း ဆက်လက်တွန်းအားပေးသွားမှာပါ လို့ထုတ်ပြန်ပြောဆိုထားပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္၊ ထန္တလန္အေရးကိစၥႏွင့္ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုကရႈတ္ခ်ေၾကာင္းစာထုတ္ျပန္

ခ်င္းျပည္နယ္၊ထန္ထလန္ၿမိဳ႕မွာျဖစ္ပြားခဲ့တဲ့ လက္နက္ႀကီး၊လက္နက္ငယ္ေတြနဲ႔ပစ္ခတ္မႈ၊မီးရႈိ႕မႈျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး နစက ကိုအေမရိကန္ႏိုင္ငံကရႈတ္ခ်ေၾကာင္း ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ ထုတ္ျပန္ေၾကျငာလိုက္ပါတယ္။

“ထန္တလန္က အိမ္ေျခ ၁၀၀ ေက်ာ္အပါအဝင္ ဘုရားေက်ာင္းႏွစ္ေက်ာင္းကို မီးရႈိ႕ဖ်က္ဆီးတာ၊လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြအတြက္ အေမရိကန္က အထူးစိုးရိမ္ၿပီး ျမန္မာစစ္တပ္ရဲ႕လုပ္ေဆာင္မႈေတြကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ပါတယ္”လို႔ အေမရိကန္၊ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Mr.Ned Price ကေျပာပါတယ္။

အၾကမ္းဖက္မႈမ်ားခ်က္ခ်င္းရပ္တန္႔ရန္၊ မတရားဖမ္းဆီးထားသူမ်ားကိုျပန္လႊတ္ေပးရန္ႏွင့္ ျမန္မာႏိုင္ငံကိုဒီမိုကေရစီလမ္းေၾကာင္းေပၚေရာက္ရွိေရးျပန္လည္ေဖာ္ေဆာင္ရန္ ေတာင္းဆိုပါသည္ဟုလည္း ၄င္းထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

အေမရိကန္ႏိုင္ငံဟာ ဒီမိုကေရစီရရွိဖို႔ႀကိဳးပမ္းေနၾကတဲ့ ျမန္မာျပည္သူေတြကို အားေပးေထာက္ခံသြားမွာျဖစ္ၿပီး ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြ၊လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ဖမ္းဆီးခံထားရတဲ့သူေတြကိုခ်က္ျခင္းျပန္လႊတ္ဖို႔ေတြအျမန္ဆုံးရပ္တန္႔ဖို႔အတြက္လည္း ဆက္လက္တြန္းအားေပးသြားမွာပါ လို႔ထုတ္ျပန္ေျပာဆိုထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here