ပင်လောင်းမြို့နယ်မှာ ကိုယ်ပိုင်ကားပေါ်ကနေ စိတ်ကြွဆေး နှစ်သောင်းပြားဖမ်းမိ ကားမောင်းသူထွက်ပြေး

0
146

(Unicode)

ပင်လောင်းမြို့နယ်မှာ ကိုယ်ပိုင်ကားပေါ်ကနေ စိတ်ကြွဆေး နှစ်သောင်းပြားဖမ်းမိ ကားမောင်းသူထွက်ပြေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ်က တုံဟုံးကားလမ်းပေါ်မှာ ကိုယ်ပိုင်ကားပေါ်ကနေ စိတ်ကြွဆေး နှစ်သောင်းပြားကို အောက်တိုဘာ ၃၁ ရက်နေ့လည်ပိုင်းကဖမ်းဆီးရမိခဲ့ပြီး ကားမောင်းလာသူကတော့ထွက်ပြေးသွားခဲ့ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက နေ့လည် ၁ နာရီလောက်မှာ သတင်းအရ တုံဟုံးကားလမ်းပေါ်မှာ မှော်ဘီဖက်ကနေ ပင် လောင်းဖက်ကို စိုင်းအမ်(အသက်-စုံစမ်းဆဲ) မောင်းပြီး စိုင်းနေ(၁၆)နှစ်နဲ့စိုင်းဟန်(၁၆)နှစ်တို့စီးလာတဲ့ Toyota Succeed ကားကိုတားဆီးစစ် ဆေးခဲ့ပါတယ်။

စစ်ဆေးဖို့ကားကိုရပ်ခိုင်းတဲ့အချိန်မှာ ကားမောင်းလာတဲ့ စိုင်းအမ်က ထွက်ပြေးသွားခဲ့ပြီး စိုင်းနေနဲ့စိုင်းဟန်တို့လွယ်ထားတဲ့ အိတ်တွေထဲက စိတ်ကြွ ဆေး ၂၀၀၀၀ ပြားကိုရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းမိတဲ့နှစ်ယောက်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားပြီး ထွက်ပြေးသွားတဲ့သူကိုဖမ်းမိဖို့အတွက် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here