ရန်ကုန်တိုင်းနဲ့စစ်ကိုင်းတိုင်းက စာသင်ကျောင်းတွေနားမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်

0
153

ရန်ကုန်တိုင်းနဲ့စစ်ကိုင်းတိုင်းက စာသင်ကျောင်းတွေနားမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်

အခြေခံပညာစာသင်ကျောင်းတွေကိုစတင်ဖွင့်လှစ်ခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့အောက်တိုဘာ ၃၁ ရက်တို့မှာ ရန်ကုန်တိုင်းနဲ့စစ်ကိုင်းတိုင်းတို့ကစာသင်ကျောင်းတွေနား ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ဗားကရာလမ်းမှာရှိတဲ့ အထက(ကြည့်မြင်တိုင်)ရှေ့လမ်းဘေးမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့၊မြို့မရပ်ကွက်၊ကုတိုးကုံးရပ်မှာရှိတဲ့ အမက(၁)နားကလမ်းပေါ်မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူအနားမှာ လက်ကိုင်ဖုန်းတစ်လုံးသိမ်းဆည်းရမိခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်မျက်နှာကြက်နဲ့ပြတင်းပေါက်တံခါးမှန်တွေပျက်စီးခဲ့ကြောင်း သိရပါတယ်။

(Zawgyi)

ရန္ကုန္တိုင္းနဲ႔စစ္ကိုင္းတိုင္းက စာသင္ေက်ာင္းေတြနားမွာ ဗုံးေပါက္ကြဲမႈေတြျဖစ္

အေျခခံပညာစာသင္ေက်ာင္းေတြကိုစတင္ဖြင့္လွစ္ခဲ့တဲ့ ႏိုဝင္ဘာ ၁ ရက္နဲ႔ေအာက္တိုဘာ ၃၁ ရက္တို႔မွာ ရန္ကုန္တိုင္းနဲ႔စစ္ကိုင္းတိုင္းတို႔ကစာသင္ေက်ာင္းေတြနား ဗုံးေပါက္ကြဲမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ႏိုဝင္ဘာ ၁ ရက္မြန္းလြဲ ၁ နာရီခန႔္က ရန္ကုန္တိုင္း၊ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေဘာဂရပ္ကြက္၊ဗားကရာလမ္းမွာရွိတဲ့ အထက(ၾကည့္ျမင္တိုင္)ေရွ႕လမ္းေဘးမွာ ေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္ေပၚခဲ့တာပါ။

ေပါက္ကြဲမႈေၾကာင့္ လူနဲ႔အေဆာက္အဦးေတြ ထိခိုက္ပ်က္စီးမႈမရွိခဲ့ဘူးလို႔ သိရပါတယ္။

အလားတူ စစ္ကိုင္းတိုင္း၊ေခ်ာင္းဦးၿမိဳ႕၊ၿမိဳ႕မရပ္ကြက္၊ကုတိုးကုံးရပ္မွာရွိတဲ့ အမက(၁)နားကလမ္းေပၚမွာလည္း ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး လူတစ္ဦးေသဆုံးခဲ့ပါတယ္။

ေသဆုံးသူအနားမွာ လက္ကိုင္ဖုန္းတစ္လုံးသိမ္းဆည္းရမိခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းေဆာင္မ်က္ႏွာၾကက္နဲ႔ျပတင္းေပါက္တံခါးမွန္ေတြပ်က္စီးခဲ့ေၾကာင္း သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here