ကြည့်မြင်တိုင်နဲ့သန်လျင်မှာ တစ်ရက်တည်း သုံးဦး သေနတ်နဲ့ပစ်ခတ်ခံရ

0
111

(Unicode)

ကြည့်မြင်တိုင်နဲ့သန်လျင်မှာ တစ်ရက်တည်း သုံးဦး သေနတ်နဲ့ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နဲ့သန်လျင်မြို့နယ်တို့မှာ နိုဝင်ဘာ ၁ ရက် တစ်ရက်တည်းကို အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တို့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်က ဖြစ်စဥ်မှာတော့ အသက်(၅၀)အရွယ် ဒေါ်နှင်းနှင်းလှိုင်ဟာ မကျည်းတန်း(မြောက်)အရှေ့ရပ်ကွက်၊ပန်းပင်ကြီးလမ်းနဲ့ဦးသီဟလမ်းထောင့်ကအသုတ်ဆိုင်မှာရှိနေစဥ် နေ့လည် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ အမျိုးသားနှစ်ယောက်က သေနတ်နဲ့ ငါးချက်လောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ရရှိတဲ့သေနတ်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

အလားတူပဲ သန်လျင်မြို့နယ်၊ထန်းပင်ကုန်းရပ်ကွက်၊ထန်းပင်ကုန်း(၂)လမ်းထဲက နေအိမ်တစ်လုံးရှေ့မှာ ရပ်ပြီးစကားပြောနေတဲ့ အမျိုးသားနှစ်ယောက်ကို မွန်းတည့် ၁၂ နာရီလောက်မှာ ဆိုင်ကယ်နှစ်စီးနဲ့အမျိုးသားလေးယောက်က မောင်းနှင်ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားနှစ်ယောက်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြပါတယ်။

“အပစ်ခံရတဲ့ကလေးနှစ်ယောက် ရိုးရိုးသားသားလေးတွေပါ ကြုံရာကျဘမ်းလုပ်ပြီး မိသားစုကိုရှာဖွေကျွေးမွေးနေကြတဲ့သူတွေပါ တစ်ယောက်ကတော့ပစ်ခံရတဲ့ဒဏ်ရာကစိုးရိမ်ရပြီး တစ်ယောက်ကတော့မစိုးရိမ်ရပါဘူး သူတို့နှစ်ယောက်က ဘယ်အဖွဲ့အစည်းနဲ့မှလည်းပတ်သက်မှုမရှိပါဘူး”လို့ သန်လျင်မြို့နယ်က ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီး ဒဏ်ရာရအမျိုးသားနှစ်ယောက်ကို ကူညီပေးခဲ့သူတစ်ယောက်ကပြောပါတယ်။

(Zawgyi)

ၾကည့္ျမင္တိုင္နဲ႔သန္လ်င္မွာ တစ္ရက္တည္း သုံးဦး ေသနတ္နဲ႔ပစ္ခတ္ခံရ

ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္နဲ႔သန္လ်င္ၿမိဳ႕နယ္တို႔မွာ ႏိုဝင္ဘာ ၁ ရက္ တစ္ရက္တည္းကို အမ်ိဳးသားႏွစ္ေယာက္နဲ႔အမ်ိဳးသမီးတစ္ေယာက္တို႔ ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရပါတယ္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္က ျဖစ္စဥ္မွာေတာ့ အသက္(၅၀)အ႐ြယ္ ေဒၚႏွင္းႏွင္းလႈိင္ဟာ မက်ည္းတန္း(ေျမာက္)အေရွ႕ရပ္ကြက္၊ပန္းပင္ႀကီးလမ္းနဲ႔ဦးသီဟလမ္းေထာင့္ကအသုတ္ဆိုင္မွာရွိေနစဥ္ ေန႔လည္ ၁၂ နာရီ ၁၀ မိနစ္ေလာက္မွာ အမ်ိဳးသားႏွစ္ေယာက္က ေသနတ္နဲ႔ ငါးခ်က္ေလာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ပါတယ္။ရရွိတဲ့ေသနတ္ဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားခဲ့ပါတယ္။

အလားတူပဲ သန္လ်င္ၿမိဳ႕နယ္၊ထန္းပင္ကုန္းရပ္ကြက္၊ထန္းပင္ကုန္း(၂)လမ္းထဲက ေနအိမ္တစ္လုံးေရွ႕မွာ ရပ္ၿပီးစကားေျပာေနတဲ့ အမ်ိဳးသားႏွစ္ေယာက္ကို မြန္းတည့္ ၁၂ နာရီေလာက္မွာ ဆိုင္ကယ္ႏွစ္စီးနဲ႔အမ်ိဳးသားေလးေယာက္က ေမာင္းႏွင္ေရာက္ရွိလာၿပီး ေသနတ္နဲ႔ပစ္ခတ္ခဲ့ပါတယ္။ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ဒဏ္ရာရရွိခဲ့တဲ့ အမ်ိဳးသားႏွစ္ေယာက္ဟာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနၾကပါတယ္။

“အပစ္ခံရတဲ့ကေလးႏွစ္ေယာက္ ႐ိုး႐ိုးသားသားေလးေတြပါ ႀကဳံရာက်ဘမ္းလုပ္ၿပီး မိသားစုကိုရွာေဖြေကြၽးေမြးေနၾကတဲ့သူေတြပါ တစ္ေယာက္ကေတာ့ပစ္ခံရတဲ့ဒဏ္ရာကစိုးရိမ္ရၿပီး တစ္ေယာက္ကေတာ့မစိုးရိမ္ရပါဘူး သူတို႔ႏွစ္ေယာက္က ဘယ္အဖြဲ႕အစည္းနဲ႔မွလည္းပတ္သက္မႈမရွိပါဘူး”လို႔ သန္လ်င္ၿမိဳ႕နယ္က ပစ္ခတ္မႈျဖစ္စဥ္ျဖစ္ပြားၿပီး ဒဏ္ရာရအမ်ိဳးသားႏွစ္ေယာက္ကို ကူညီေပးခဲ့သူတစ္ေယာက္ကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here