ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းနှင့်သရက်တော(၂)လမ်းထိပ် 1 Stop Mart အတွင်း လက်လုပ်မိုင်းချခံရ

0
298

(Unicode)

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းနှင့်သရက်တော(၂)လမ်းထိပ် 1 Stop Mart အတွင်း လက်လုပ်မိုင်းချခံရ

ရန်ကုန် နိုဝင်ဘာ ၂

နိုဝင်ဘာလ ၁ရက်နေ့၊ နံနက်၈နာရီ ၅မိနစ်အချိန်က ကမ်းနားလမ်းနဲ့ သရက်တော (၂)လမ်းထောင့်မှာရှိတဲ့ 1Stop Mart ဆိုင်အတွင်းကို မသင်္ကာဖွယ်ရာ အထုပ် ၁ထုပ် ပစ်ချခံရကြောင်း သိရပါသည်။

အမျိုးသား ၂ဦး(စိစစ်ဆဲ)မှ ဆိုင်အတွင်းသို့ဝင်လာပြီး “ဤ 1 Stop Mart သည် စစ်တပ် ထောက်တိုင်ဖြစ်သောကြောင့် ဖောက်ခွဲမည်ဖြစ်ပါသဖြင့် ဤစာဖတ်ပြီးဆိုင်မှချက်ချင်းထွက်သွားရန် အသိပေးအပ်ပါသည်” ဟုရေးသားထားသော စာတို(၁)စောင်အား အရောင်းဝန်ထမ်းထံပေးပြီးထွက်ပြေးသွားကြောင်း သိရပါသည်။

ဆိုင်အတွင်းစစ်ဆေးရာ 5 Star တံဆိပ်ပါ အဝါရောင် ပလပ်စတစ်အိတ်အတွင်း စက္ကူဘူးဖြင့် ထည့်ထားသော လက်လုပ်မိုင်း(၁)လုံးကိုတွေ့ရှိခဲ့ပြီး သက်မဲ့ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ယခုဖော်ပြထားသောပုံသည် 1 Stop Mart ဆိုင်၏ ပုံဟောင်းတစ်ပုံဖြစ်ပါသည်။

(Zawgyi)


ရန်ကုန် နိုဝင်ဘာ ၂






LEAVE A REPLY

Please enter your comment!
Please enter your name here