တောင်ကိုရီးယားနိုင်ငံတွင်ကိုဗစ်ကန့်သတ်ချက်များစတင်ဖြေလျှော့

0
48

(Unicode)

တောင်ကိုရီးယားနိုင်ငံတွင်ကိုဗစ်ကန့်သတ်ချက်များစတင်ဖြေလျှော့

တောင်ကိုရီးယားနိုင်ငံမှ စားသောက်ဆိုင်များ၊ မုန့်ဆိုင်များ၊ ဘားများတွင် ကိုဗစ်ဆိုင်ရာအချိန်ကန့်သတ်ချက်များကို ပထမအဆင့်အဖြစ် စတင်ဖြေလျှော့ပေးလိုက်ပြီဖြစ်ပါသည်။

တောင်ကိုရီးယားအစိုးရက အောက်တိုဘာလအတွင်း နိုင်ငံ့လူဦးရေ၏ ၇၀ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးချိန် ယခုလိုဖြေလျှော့ပေးခဲ့ခြင်းဖြစ်ပြီး ဆိုးလ်မြို့ရှိစားသောက်ဆိုင်များမှာလည်း နိုဝင်ဘာလ ၁ရက်နေ့မှစတင်ကာ ည ၁၀နာရီနောက်ပိုင်းအထိ ဖွင့်လှစ်နိုင်ပြီဟုသိရသည်။

ပွဲအခမ်းအနားများကိုလည်း လူ ၁၀ဦးအထိပါဝင်ခွင့်ပြုထားပြီး ကာကွယ်ဆေးထိုးနှံထားရန်တော့လိုအပ်သည်ဟုဆိုသည်။

ပြီးခဲ့သည့်လအတွင်း တောင်ကိုရီးယားနိုင်ငံ၏ကိုဗစ်ကူးစက်မှုမှာ တစ်ရက်အတွင်းလူဦးရေ ၂ထောင်ဝန်းကျင်ကူးစက်ခဲ့သည့်အခြေအနေမျိုးလည်းရှိခဲ့တာကြောင့် ပြည်သူအချို့ကယခုဖြေလျှော့မှုအပေါ် စိုးရိမ်နေကြပါသည်။

Source – NHK
Photo – CNA

(Zawgyi)






Source – NHK
Photo – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here