ဂျပန်၊ဖိလစ်ပိုင်အပါအဝင် နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲမည့် ပြင်သစ်နိုင်ငံ AirBus ကုမ္ပဏီမှ လေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာ

0
184

(Unicode)

ဂျပန်၊ဖိလစ်ပိုင်အပါအဝင် နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲမည့် ပြင်သစ်နိုင်ငံ AirBus ကုမ္ပဏီမှ လေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မှာယူထားသည့် Airbus A320-214 XY-ALT လေယာဉ်သည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)က ယင်းလေယာဉ်ကို Kalaw ဟု အမည်ပေးထားပြီး မကြာမီကာလအတွင်း တိုးချဲ့ ပျံသန်းပြေးဆွဲရန်စီစဉ်ထားရှိသော ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်များအပါအဝင် အခြားခရီးစဉ် အသစ်များကိုပါ တိုးချဲ့ ပျံသန်းပြေးဆွဲနိုင်ရန် မှာယူထားသော လေယာဉ်ဖြစ်သည်ဟုပြောသည်။

ဒေသတွင်း နိုင်ငံများရှိ လေကြောင်းလိုင်းများနှင့် ရင်ပေါင်တန်း၍ ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ရန် ထပ်မံမှာယူထားသည့် လေယာဉ်ဖြစ်သည်ဟုလည်း လေကြောင်းလိုင်းကပြောသည်။

ယခုရောက်ရှိလာသော လေယာဉ်သည် ပြင်သစ်နိုင်ငံ AirBus ကုမ္ပဏီမှ ထုတ်လုပ်မှုအမှတ်စဉ် MSN5433 ဖြင့် ၂၀၁၄ ခုနှစ်တွင်ထုတ်လုပ်ခဲ့ပြီး တောင်ပံအဖျားတွင် Sharklets တပ်ဆင် ထားသော Airbus A320-214 လေယာဉ် အမျိုးအစားဖြစ်ကာ Business Class ထိုင်ခုံရှစ်ခုံနှင့် Economy ထိုင်ခုံ ၁၆၂ ခုံပါဝင်သည်။

(Zawgyi)

ဂ်ပန္၊ဖိလစ္ပိုင္အပါအဝင္ ႏိုင္ငံတကာခရီးစဥ္မ်ား ပ်ံသန္းေျပးဆြဲမည့္ ျပင္သစ္ႏိုင္ငံ AirBus ကုမၸဏီမွ ေလယာဥ္ ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိလာ

အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း (MAI) က မွာယူထားသည့္ Airbus A320-214 XY-ALT ေလယာဥ္သည္ ႏိုဝင္ဘာ ၁ ရက္ နံနက္ပိုင္းက ဖိလစ္ပိုင္ႏိုင္ငံမနီလာၿမိဳ႕မွတစ္ဆင့္ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိလာသည္။

အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း (MAI)က ယင္းေလယာဥ္ကို Kalaw ဟု အမည္ေပးထားၿပီး မၾကာမီကာလအတြင္း တိုးခ်ဲ႕ ပ်ံသန္းေျပးဆြဲရန္စီစဥ္ထားရွိေသာ ဂ်ပန္ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံ ခရီးစဥ္မ်ားအပါအဝင္ အျခားခရီးစဥ္ အသစ္မ်ားကိုပါ တိုးခ်ဲ႕ ပ်ံသန္းေျပးဆြဲႏိုင္ရန္ မွာယူထားေသာ ေလယာဥ္ျဖစ္သည္ဟုေျပာသည္။

ေဒသတြင္း ႏိုင္ငံမ်ားရွိ ေလေၾကာင္းလိုင္းမ်ားႏွင့္ ရင္ေပါင္တန္း၍ ျပည္ပခရီးစဥ္မ်ား ပ်ံသန္းေျပးဆြဲႏိုင္ရန္ ထပ္မံမွာယူထားသည့္ ေလယာဥ္ျဖစ္သည္ဟုလည္း ေလေၾကာင္းလိုင္းကေျပာသည္။

ယခုေရာက္ရွိလာေသာ ေလယာဥ္သည္ ျပင္သစ္ႏိုင္ငံ AirBus ကုမၸဏီမွ ထုတ္လုပ္မႈအမွတ္စဥ္ MSN5433 ျဖင့္ ၂၀၁၄ ခုႏွစ္တြင္ထုတ္လုပ္ခဲ့ၿပီး ေတာင္ပံအဖ်ားတြင္ Sharklets တပ္ဆင္ ထားေသာ Airbus A320-214 ေလယာဥ္ အမ်ိဳးအစားျဖစ္ကာ Business Class ထိုင္ခုံရွစ္ခုံႏွင့္ Economy ထိုင္ခုံ ၁၆၂ ခုံပါဝင္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here