အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် နစက ဥက္ကဋ္ဌတို့တွေ့ဆုံ

0
107

(Unicode)

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် နစက ဥက္ကဋ္ဌတို့တွေ့ဆုံ

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်တို ယနေ့ နိုဝင်ဘာ ၂ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ် – ၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေး နေမှုအခြေအနေများ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီ ဖြစ်သဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ အတွက် အမေရိကန်နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက် ပေးမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု နစက ဘက်က သတင်းထုတ်ပြန်သည်။

မစ္စတာဘီလ်ရစ်ချတ်ဆန်သည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီအကြံပေး အဖြစ် တာဝန်ယူခဲ့သူ ၊သမ္မတ ဘီလ်ကလင်တန် လက်ထက်က စွမ်းအင်ဝန်ကြီးအဖြစ်လည်းတာဝန်ယူခဲ့သူဖြစ်သည်။

မစ္စတာဘီလ်ရစ်ချတ်ဆန်၏ ခရီးစဉ်နှင့်ပတ်သက်၍ လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres လည်း သိရှိကြောင်း AP သတင်းတွင်ရေးသားထားသည်။

(Zawgyi)

အေမရိကန္ႏိုင္ငံ နယူးမကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္းႏွင့္ နစက ဥကၠ႒တို႔ေတြ႕ဆုံ

နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အေမရိကန္ႏိုင္ငံ၊ နယူးမကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ေဟာင္း မစၥတာဘီလ္ရစ္ခ်တ္ဆန္တို ယေန႔ ႏိုဝင္ဘာ ၂ရက္ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၊ သံတမန္ေဆာင္ဧည့္ခန္းမတြင္ ေတြ႕ဆုံၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္ ေဆးမ်ားထိုးႏွံေပး ေနမႈအေျခအေနမ်ား၊ ယခုအခါ ေရာဂါကူးစက္မႈႏႈန္းက်ဆင္းလာၿပီ ျဖစ္သျဖင့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္လ်က္ရွိမႈ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ အတြက္ အေမရိကန္ႏိုင္ငံမွ ကိုဗစ္ -၁၉ ေရာဂါကာကြယ္ေဆးမ်ား ကူညီေဆာင္႐ြက္ ေပးမည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္ဟု နစက ဘက္က သတင္းထုတ္ျပန္သည္။

မစၥတာဘီလ္ရစ္ခ်တ္ဆန္သည္ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္းလည္းျဖစ္၊ New Mexico ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္းလည္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္က ျမန္မာႏိုင္ငံ၏ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖၚ ေဆာင္႐ြက္ေရးေကာ္မတီအႀကံေပး အျဖစ္ တာဝန္ယူခဲ့သူ ၊သမၼတ ဘီလ္ကလင္တန္ လက္ထက္က စြမ္းအင္ဝန္ႀကီးအျဖစ္လည္းတာဝန္ယူခဲ့သူျဖစ္သည္။

မစၥတာဘီလ္ရစ္ခ်တ္ဆန္၏ ခရီးစဥ္ႏွင့္ပတ္သက္၍ လက္ရွိ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres လည္း သိရွိေၾကာင္း AP သတင္းတြင္ေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here