Iris 2 ဒရာမာအပြီး Red Heart မှာ အတူပြန်တွေ့ရမယ့် Lee Joon နဲ့ Jang Hyuk

0
151

(Unicode)

Iris 2 ဒရာမာအပြီး Red Heart မှာ အတူပြန်တွေ့ရမယ့် Lee Joon နဲ့ Jang Hyuk

KBS2TV က ရိုက်ကူးမယ့် Red Heart ဒရာမာဇာတ်လမ်းတွဲသစ်မှာ Jang Hyuk,Lee Joon နဲ့အတူ Kang Han Na တို့ အတူသရုပ်ဆောင်မယ်လို့ သိရပါတယ်။

အကြွင်းမဲ့ဘုရင်စနစ်ကို လိုလားတဲ့ ဂျိုဆွန်းရဲ့ဘုရင် Lee Tae အကြောင်းကို ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်သမိုင်းဝင်ဒရာမာ ဇာတ်လမ်းပါ။

သူ့ရဲ့အာဏာကို ခိုင်မာစေဖို့ သူ့ကိုမထောက်ခံသူတွေကို ဖယ်ရှားဖို့ကြံစည်နေတဲ့ ဘုရင် Lee Tae အဖြစ် Lee Joon က သရုပ်ဆောင်ထားပါတယ်။

Kang Han Na ကတော့ ဘုရင် Lee Tae ကိုချစ်ခင်နှစ်ပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။

Jang Hyuk ကတော့ ဘုရင် Lee Tae နဲ့ ပြင်းထန်တဲ့ပဋိပက္ခတွေမှာ ပါဝင်မယ့် Park Kyu Won အဖြစ်သရုပ်ဆောင်မှာပါ။

Lee Joon နဲ့ Jang Hyuk ရဲ့ ပရိတ်သတ်တွေကတော့ ၈နှစ်အကြာမှာ ပြန်ဆုံကြတဲ့ သူတို့ ၂ ယောက်ရဲ့ ဆုံစည်းမှုကို စောင့်မျှော်နေကြပါတယ်။

Red Heart ဇာတ်ကားကို ၂၀၂၂ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ပြသဖို့ စီစဉ်ထားပါတယ်။

(Zawgyi)










LEAVE A REPLY

Please enter your comment!
Please enter your name here