ပြည်မြို့တွင်မွေးခဲ့သောရင်ခြင်းဆက်အမွှာ၏ကိုယ်တွင်းကလီစာများအခြေအနေကို စစ်ဆေးနေ
0
313
(Unicode)
ပြည်မြို့တွင်မွေးခဲ့သောရင်ခြင်းဆက်အမွှာ၏ကိုယ်တွင်းကလီစာများအခြေအနေကို စစ်ဆေးနေ
ပဲခူးတိုင်း ပြည်မြို့နယ်ပုဂ္ဂလိကဆေးရုံတွင် ခြေထောက်တစ်စုံ၊ကိုယ်နှစ်ခုဖြင့် မွေးလာသော ရင်ခြင်းဆက်အမွှာညီအစ်ကိုအား ကိုယ်တွင်းကလီစာများအခြေအနေကို စစ်ဆေးနေကြောင်း သိရသည်။
ယင်းတို့ကို အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းက မွေးဖွားခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့ဟယ်ပင်ကလေးဆေးရုံကြီးသို့ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းဥက္ကဌ က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
“အခုက ဆရာဝန်တွေကပြောတယ် ။ နှလုံးက နှစ်ခု။ကျောက်ကပ်က တစ်ခုတည်းဆိုပြီးပြောတယ်။အခြားဟာတွေကိုလည်း စစ်ဆေးနေကြပါတယ်။ဘယ်လိုပုံစံလုပ်မယ်ဆိုတာတော့ တိတိကျကျ ပြန်မပြောသေးဘူး”ဟု ခလေးများ၏ အဒေါ်ဖြစ်သူကပြောသည်။
ယင်းအမွှာညီအစ်ကိုတွင်ခြေချောင်းတစ်စုံ၊အမျိုးသားအင်္ဂါတစ်ခု၊စအိုပေါက်တစ်ခုပါကြောင်းလည်း သိရသည်။
(Zawgyi)
LEAVE A REPLY
Please enter your comment!
Please enter your name here