ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတဲ့ ရတနာခင်

0
302

သရုပ်ဆောင် ရတနာခင်က ကျောက်ကပ်ဆီးသွားတဲ့ လမ်းကြောင်းမှာ ရောဂါဖြစ်နေတာကြောင့် ဆေးရုံတက်ပြီးကုသမှုခံယူကာ အခုဆိုရင်တော့ ဆေးရုံကနေဆင်းပြီး အနားယူနေတယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။

“ အခုတော့ဆေးရုံကဆင်းရပါပြီအရမ်းနာကျင်တဲ့ဝေဒနာကိုခံစားနေရလို့ ဘယ်သူ့ကိုမှလဲ စကားကောင်းကောင်းမပြောနိုင် စာလည်းမပြန်နိုင်ခဲ့တာ ခွင့်လွှတ် နားလည်ပေးကြပါ၊ကျောက်ကပ်ကနေဆီးအိမ်သွားတဲ့လမ်းကြောင်းမှာကျောက်က ပိတ်နေပြီး အရမ်းနာအရမ်းအောင့်လို့ ခွဲစိတ်ကုသခဲ့ပါပြီ ကျောက်ကလည်းကြီးနေတယ်လို့ပြောပါတယ်၊ရေသောက်နည်းလွန်းတာရယ်ကျောက်ကပ်ထိခိုက်မယ့်ဟာတွေစားတတ်တဲ့အကျိုးကျေးဇူးတွေပေါ့ ၊

​ခန္ဓာရှိရင်… ဝေဒနာရှိစမြဲပါ” လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here