ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အဖမ်းခံရမှုများနေ

0
97

ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖမ်းခံရမှုများနေ

ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အဖမ်းခံရမှုများနေသောကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ မလာရောက်ကြရန် ထိုင်းနိုင်ငံရောက် အလုပ်သမားရေးရာကူညီလုပ်ကိုင်နေသူများကပြောသည်။

“ထိုင်းနိုင်ငံ ဆိုင်ယော့ခရိုင်ထဲမှာ အယောက် တစ်ရာကျော် အဖမ်းခံရတယ်၊ သစ်တောထဲမှာ ပုန်းအောင်းနေကြတာ။ အားလုံးမြန်မာ နိုင်ငံသားတွေချည်းပဲ၊ ပဲခူး၊ ထားဝယ်၊ မော်လမြိုင်နဲ့ ဧရာဝတီတိုင်း ကလို့ သိရတယ်၊အခု ကိုဗစ် စစ်ဆးတာတွေ လုပ်နေတယ်”ဟု ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမားရေးရာကို လုပ်ကိုင်နေသူ တစ်ဦးကပြောသည်။

မြန်မာနိုင်ငံက ထိုင်းနိုင်ငံနယ်စပ် မြို့များတွင် အလုပ်လုပ်ရန်လာရောက် သူများအနေဖြင့် လူတစ်ဦးလျှင် အနည်းဆုံး ဘတ် ၁၇၀၀၀ မှ ဘတ် ၂၀၀၀၀ ထိ မြန်မာပွဲစားများကို ပေးနေကြရကြောင်း ၊အဖမ်းခံရသူများအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းကို လွှဲပြောင်းကာ ထိုင်းနိုင်ငံ က သတ်မှတ်ထားသော ဥပဒေအတိုင်း ခံယူကြရကြောင်း သိရသည်။

“ကြိုးတန်းလမ်းလျှောက်တယ် ဆိုပေမဲ့ အဲဒီလိုခိုးဝင် မြန်မာတွေဟာ ကျွမ်းကျင်တဲ့ ဆပ်ကပ်သမား၊ ကျွမ်းဘားသမားတွေ မဟုတ်တာ ဖြစ်လို့ ထိုင်းဥပဒေအောက်မှာ ကားယားကြီး ရောက်ကြရတာပါပဲ၊ ထိုင်း တော်ဝင် အရေးပေါ်အမိန့်နဲ့ ထိုင်း နိုင်ငံတစ်နိုင်ငံလုံးရဲ့ လမ်းဆုံလမ်းခွ နေရာတွေ၊ ထိုင်း မြန်မာနယ်စပ် နဲ့ မလေးရှား နယ်စပ် အပါဝင် တရားမဝင် ဝင်ရောက်တာတွေကို ထိုင်း ရဲ၊စစ်တပ်က ကင်းလှည့် စောင့်ကြည့် နေပြီး အဖမ်းအဆီး ပိုများလာနေပါတယ်”ဟု ထိုင်းနိုင်ငံရှိ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုး(ဆရာမိုး) ကပြောသည်။

ယခုရက္ပိုင္းတြင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအဖမ္းခံရမႈမ်ားေန

ယခုရက္ပိုင္းတြင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ား အဖမ္းခံရမႈမ်ားေနေသာေၾကာင့္ ျမန္မာႏိုင္ငံသားမ်ား ထိုင္းႏိုင္ငံသို႔ တရားမဝင္ လမ္းေၾကာင္းမွ မလာေရာက္ၾကရန္ ထိုင္းႏိုင္ငံေရာက္ အလုပ္သမားေရးရာကူညီလုပ္ကိုင္ေနသူမ်ားကေျပာသည္။

“ထိုင္းႏိုင္ငံ ဆိုင္ေယာ့ခ႐ိုင္ထဲမွာ အေယာက္ တစ္ရာေက်ာ္ အဖမ္းခံရတယ္၊ သစ္ေတာထဲမွာ ပုန္းေအာင္းေနၾကတာ။ အားလုံးျမန္မာ ႏိုင္ငံသားေတြခ်ည္းပဲ၊ ပဲခူး၊ ထားဝယ္၊ ေမာ္လၿမိဳင္နဲ႔ ဧရာဝတီတိုင္း ကလို႔ သိရတယ္၊အခု ကိုဗစ္ စစ္ဆးတာေတြ လုပ္ေနတယ္”ဟု ထိုင္းႏိုင္ငံ ရွိ ျမန္မာအလုပ္သမားေရးရာကို လုပ္ကိုင္ေနသူ တစ္ဦးကေျပာသည္။

ျမန္မာႏိုင္ငံက ထိုင္းႏိုင္ငံနယ္စပ္ ၿမိဳ႕မ်ားတြင္ အလုပ္လုပ္ရန္လာေရာက္ သူမ်ားအေနျဖင့္ လူတစ္ဦးလွ်င္ အနည္းဆုံး ဘတ္ ၁၇၀၀၀ မွ ဘတ္ ၂၀၀၀၀ ထိ ျမန္မာပြဲစားမ်ားကို ေပးေနၾကရေၾကာင္း ၊အဖမ္းခံရသူမ်ားအေနျဖင့္ သက္ဆိုင္ရာ ရဲစခန္းကို လႊဲေျပာင္းကာ ထိုင္းႏိုင္ငံ က သတ္မွတ္ထားေသာ ဥပေဒအတိုင္း ခံယူၾကရေၾကာင္း သိရသည္။

“ႀကိဳးတန္းလမ္းေလွ်ာက္တယ္ ဆိုေပမဲ့ အဲဒီလိုခိုးဝင္ ျမန္မာေတြဟာ ကြၽမ္းက်င္တဲ့ ဆပ္ကပ္သမား၊ ကြၽမ္းဘားသမားေတြ မဟုတ္တာ ျဖစ္လို႔ ထိုင္းဥပေဒေအာက္မွာ ကားယားႀကီး ေရာက္ၾကရတာပါပဲ၊ ထိုင္း ေတာ္ဝင္ အေရးေပၚအမိန႔္နဲ႔ ထိုင္း ႏိုင္ငံတစ္ႏိုင္ငံလုံးရဲ႕ လမ္းဆုံလမ္းခြ ေနရာေတြ၊ ထိုင္း ျမန္မာနယ္စပ္ နဲ႔ မေလးရွား နယ္စပ္ အပါဝင္ တရားမဝင္ ဝင္ေရာက္တာေတြကို ထိုင္း ရဲ၊စစ္တပ္က ကင္းလွည့္ ေစာင့္ၾကည့္ ေနၿပီး အဖမ္းအဆီး ပိုမ်ားလာေနပါတယ္”ဟု ထိုင္းႏိုင္ငံရွိ ျမန္မာျပည္သားမ်ား အေရး ပူးတြဲလႈပ္ရွားမႈ ေကာ္မတီ (JACBA) ဥကၠဌ ဦးမိုးႀကိဳး(ဆရာမိုး) ကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here