“မရမ်းကုန်း နဲ့သာကေတ တို့မှာ ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ”

0
234

“မရမ်းကုန်း နဲ့သာကေတ တို့မှာ ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ”

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နဲ့သာကေတမြိုနယ် တို့မှာ ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို နိုဝင်ဘာ ၂ ရက်မွန်းတည့် ၁၂ နာရီခွဲနဲ့မွန်းလွဲ ၂ နာရီခွဲတို့က ဖမ်းဆီးရမိခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းနားက ဟိုတယ်တစ်ခုနားမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲက ဟိုတယ်ဝင်ပေါက်နားကို ဖေမြတ်ဝင်း(ခ)ဦးဖေ(၅၀)နှစ်မောင်းလာတဲ့ ကားပေါ်ကနေ ဇေယျာအောင်(၃၄)နှစ်က ခရီးဆောင်အိတ် နဲ့ဆင်းလာပြီး ဟိုတယ်နားအရောက်မှာ တင်ကိုကို(၄၃)နှစ်နဲ့အောင်မျိုးဦး(၃၆)နှစ်တို့ကို ပေးခဲ့ပါတယ်။

ပူးပေါင်းအဖွဲ့က ခရီးဆောင်အိတ်ကိုစစ်ဆေးရာမှာ အိတ်ထဲကနေ စိတ်ကြွဆေးပြား ၁၀၀၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးငွေကျပ်သိန်း ၁၀၀၀)ကိုသိမ်းဆည်းမိခဲ့ပါတယ်။

အလားတူပဲ ဖေမြတ်ဝင်း(ခ)ဦးဖေ နေထိုင်တဲ့ သာကေတမြို့နယ်၊ (၆)ရပ်ကွက် ၊မြင်တော်သာလမ်းက နေအိမ်ကနေ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးငွေကျပ်သိန်း ၁၀၀ )ကိုလည်း ထပ်ပြီးသိမ်းဆည်းရမိခဲ့ပါတယ်။

စိတ်ကြွဆေးတွေ နဲ့အတူဖမ်းမိသူ လေးယောက်ကို သက်ဆိုင်ရာ မြို့မရဲစခန်းတွေက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါး များ ဆိုင်ရာဥပဒေအရ အရေးယူပြီးစစ်ဆေးနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here