ကရင်ပြည်နယ် ဘားအံ့မြို့ကို ပုဒ်မ၁၄၄ ထုတ်ပြီး အများပြည်သူနေရာ များတွင် ၅ဦးနှင့် အထက် ပိုမစုရ အမိန့်ထုတ်

0
413

ကရင်ပြည်နယ် ဘားအံ့မြို့ကို ပုဒ်မ၁၄၄ထုတ်ပြီး အများပြည်သူနေရာများတွင် ၅ဦးနှင့်အထက်ပိုမစုရ အမိန့်ထုတ်

Unicode

ကရင်ပြည်နယ် ဘားအံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အမိန့်တစ်ရပ်ဖြင့် ဘားအံမြို့နယ်တွင် စုဝေးခြင်း၊ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်း များကို မပြုလုပ်ရန် နိုဝင်ဘာ ၁ရက်တွင် တားမြစ်စာ ထုတ်လိုက်သည်။

တားမြစ်စာထဲ ဘားအံမြို့နယ် နယ်နိမိတ်အတွင်း လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေကြောင်း တွေ့ရှိရသည်။ ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ တို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသောသူများသည် ဘားအံမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများ ပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်း မပြုရန်တားမြစ်လိုက်သည်ဟု ဖော်ပြထားသည်။

လူစုလူဝေးမပြုလုပ်ရန် တားမြစ်မှုပြုလိုက်သော်လည်း ညမထွက်ရအချိန်ကိုမူ ၂နာရီ နောက်ဆုတ်ပေးခဲ့သည်ကိုတွေ့ရသည်။

ယခင်က ည(၈)နာရီမှ မနက်(၄)နာရီအတွင်း ညမထွက်ရသတ်မှတ်ထားခဲ့မှုကို နိုဝင်ဘာလ ၁ရက်က စပြီး
ည(၁၀)နာရီအချိန်မှ နံနက်(၄)နာရီ အချိန် အတွင်း ညမထွက်ရန် တားမြစ်မိန့်ထုတ်ခဲ့သည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူက“ညမထွက်ရအချိန်ကို နောက်ဆုတ်ပေးလိုက်တာက ရောဂါတွေလည်း လျှော့သွားတယ်။ ဒါကြောင့်ပါ”ဟု ပြောသည်။

ဘားအံ့ဒေသ တစ်ဦးက ညမထွက်ရအချိန်ကို ည၁၀နာရီအထိ တိုးပေးလိုက်မှုအား ရပ်ကွက်ရုံးများက ကြေညာနေမှုအရ သိခဲ့ရကြောင်း၊ သို့သော် နယ်မြို့တစ်ခုဖြစ်၍ ည ၈နာရီ မထိုးခင်မှာပင် လမ်းမပေါ် ထွက်သူမရှိတော့ဟု ပြောသည်။

 

Zaw Gyi
ကရင္ျပည္နယ္ ဘားအံ့ၿမိဳ႕ကို ပုဒ္မ၁၄၄ ထုတ္ၿပီး အမ်ားျပည္သူေနရာ မ်ားတြင္ ၅ဦးႏွင့္ အထက္ ပိုမစုရ အမိန႔္ထုတ္

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ-၁၄၄ အမိန႔္တစ္ရပ္ျဖင့္ ဘားအံၿမိဳ႕နယ္တြင္ စုေဝးျခင္း၊ေဟာေျပာျခင္း၊ ယာဥ္တစ္မ်ိဳးမ်ိဳးကို အသုံးျပဳ၍ျဖစ္ေစ၊ လူကိုယ္တိုင္ျဖစ္ေစ၊ စီတန္းလွည့္လည္ျခင္း၊ လႈံ႕ေဆာ္ဆႏၵျပျခင္း၊ ဖ်က္ဆီးျခင္း၊ ႐ုန္းရင္းဆန္ခတ္ျပဳမူျခင္း မ်ားကို မျပဳလုပ္ရန္ ႏိုဝင္ဘာ ၁ရက္တြင္ တားျမစ္စာ ထုတ္လိုက္သည္။

တားျမစ္စာထဲ ဘားအံၿမိဳ႕နယ္ နယ္နိမိတ္အတြင္း လူအခ်ိဳ႕သည္ အမ်ားျပည္သူတို႔၏ လုံၿခဳံေရး ႏွင့္ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ ပ်က္ျပားေစရန္ ျပဳမူေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရွိရသည္။ ယင္းကဲ့သို႔ ျပဳမူေဆာင္႐ြက္ျခင္းသည္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ အမ်ားျပည္သူ တို႔၏ လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးကို ထိခိုက္ေစသည့္အျပင္ ႐ုန္းရင္း ဆန္ခတ္မႈမ်ား ျဖစ္ပြားေစႏိုင္သည္ဟု ယုံၾကည္ယူဆသျဖင့္ လူ(၅)ဦး သို႔မဟုတ္ (၅)ဦးထက္ပိုေသာသူမ်ားသည္ ဘားအံၿမိဳ႕နယ္အတြင္း လမ္းမႀကီးမ်ား၊ အမ်ားျပည္သူသြားရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ ဥယ်ာဥ္ သို႔မဟုတ္ အမ်ား ျပည္သူႏွင့္ ဆိုင္ေသာေနရာမ်ားတြင္ စုေဝးျခင္း မျပဳရန္တားျမစ္လိုက္သည္ဟု ေဖာ္ျပထားသည္။လူစုလူေဝးမျပဳလုပ္ရန္ တားျမစ္မႈျပဳလိုက္ေသာ္လည္း ညမထြက္ရအခ်ိန္ကိုမူ ၂နာရီ ေနာက္ဆုတ္ေပးခဲ့သည္ကိုေတြ႕ရသည္။

ယခင္က ည(၈)နာရီမွ မနက္(၄)နာရီအတြင္း ညမထြက္ရသတ္မွတ္ထားခဲ့မႈကို ႏိုဝင္ဘာလ ၁ရက္က စၿပီး ည(၁၀)နာရီအခ်ိန္မွ နံနက္(၄)နာရီ အခ်ိန္ အတြင္း ညမထြက္ရန္ တားျမစ္မိန႔္ထုတ္ခဲ့သည္။ကရင္ျပည္နယ္ရဲတပ္ဖြဲ႕တာဝန္ရွိသူက“ညမထြက္ရအခ်ိန္ကို ေနာက္ဆုတ္ေပးလိုက္တာက ေရာဂါေတြလည္း ေလွ်ာ့သြားတယ္။ ဒါေၾကာင့္ပါ”ဟု ေျပာသည္။

ဘားအံ့ေဒသ တစ္ဦးက ညမထြက္ရအခ်ိန္ကို ည၁၀နာရီအထိ တိုးေပးလိုက္မႈအား ရပ္ကြက္႐ုံးမ်ားက ေၾကညာေနမႈအရ သိခဲ့ရေၾကာင္း၊ သို႔ေသာ္ နယ္ၿမိဳ႕တစ္ခုျဖစ္၍ ည ၈နာရီ မထိုးခင္မွာပင္ လမ္းမေပၚ ထြက္သူမရွိေတာ့ဟု ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here