ရခိုင်ပြည်နယ်မှာ ကျောင်းပြန်တက်သူ သုံးသိန်းသုံးသောင်းကျော်ရှိ

0
127

ရခိုင်ပြည်နယ်မှာ ကျောင်းပြန်တက်သူ သုံးသိန်းသုံးသောင်းကျော်ရှိ

တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့က ပြန်ဖွင့်ခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ကျောင်းတက်တဲ့ အရေအတွက်ဟာ သုံးသိန်း သုံးသောင်းကျော်ရှိတယ်လို့ ရခိုင်ပြည်နယ်ပညာရေးဦးစီးဌာန ရဲ့ စာရင်းတွေအရ သိရပါတယ်။

အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးတော့ တစ်နိုင်ငံလုံးက ကျောင်းတွေကို ပြန်ဖွင့်ခဲ့တာပါ။ လက်ရှိမှာ ကိုဗစ် ဖြစ်ပွားနှုန်းကလည်း ကျဆင်းသွားတာ ဖြစ်လို့ ရခိုင်ပြည်နယ်မှာ ကျောင်းတက်တဲ့ ကျောင်းသား အရေအတွက်ဟာ တစ်နိုင်ငံလုံးနဲ့ ယှဉ်ကြည့်ရင် အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရခိုင်တစ်ပြည်နယ်လုံးမှာ ကျောင်းသားကျောင်းသူ ငါးသိန်းကျော် ရှိတဲ့အနက် သုံးသိန်း သုံးသောင်းကျော် ကျောင်းပြန်တက် ခဲ့ကြတာ ဖြစ်လို့ ရာနှုန်းပြည့်တက်တာတော့မဟုတ်သေးပါဘူး။တချို့ကျောင်းသားကျောင်းသူတွေကလည်း အဝေးကိုရောက်နေသူတွေ ရှိသလို ပိတ်ထားရတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ တစ်ချို့ ကျောင်းသား ကျောင်းသူတွေကလည်း တစ်ပတ် ဆယ်ရက်လောက် စောင့်ကြည့်ပြီးမှ တက်မဲ့သူတွေ ရှိနေတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ အခြေခံပညာစာသင်ကျောင်း ၃၃၀၉ ကျောင်းရှိပြီး စာသင်ကျောင်း ၁၄၀ လောက်ကို ယာယီပိတ် ထားဆဲဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ၂၀၂၀ ပြည့်နှစ် စာသင်နှစ်တစ်နှစ်လုံးကို ပိတ်ထားခဲ့ရတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာတော့ စာသင်ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ခဲ့ပေမဲ့ ကိုဗစ် တတိယလှိုင်းကြောင့် ဇူလိုင်လအတွင်းမှာ ပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here