မိုင်တဲမှာအလုပ်လုပ်နေတဲ့ အငြိမ်းစား ဗိုလ်မှူး အိမ်ကနေအထွက်မှာ ပစ်သတ်ခံရ

0
277

(Unicode)

မိုင်တဲမှာအလုပ်လုပ်နေတဲ့ အငြိမ်းစား ဗိုလ်မှူး အိမ်ကနေအထွက်မှာ ပစ်သတ်ခံရ

 

မိုင်တဲမှာအလုပ်လုပ်နေတဲ့ ဗိုလ်မှူး(ငြိမ်း)နဲ့ဇနီး နိုဝင်ဘာ ၄ ရက်မနက် ၇ နာရီခွဲက အိမ်ကနေအထွက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

“ပစ်သတ်ခံရတဲ့ ဗိုလ်မှူးသိန်းအောင်(ငြိမ်း)က ဒီနေ့မနက်လမ်းထွက်လျှောက်ဖို့ သူ့အမျိုးသမီးနဲ့အတူ အိမ်ကနေထွက်ထွက်ခြင်းပဲ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ သိရသလောက်ကတော့ ပစ်သွားတဲ့လူက အသင့်စောင့်ပြီးသူတို့လင်မယားထွက်လာတဲ့အချိန် ပစ်ပြီးထွက်ပြေးသွားတယ်”လို့ မိသားစုနဲ့နီးစပ်တဲ့သူတစ်ယောက်ကပြောပါတယ်။

ဦးသိန်းအောင်ဟာ မိုင်တဲ ကုမ္မဏီမှာ Chief Financial Officer အဖြစ်လုပ်ကိုင်နေတာပါ။

သေနတ်နဲ့ပစ်ခံရလို့ ဦးသိန်းအောင်ဟာ ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ရပြီး သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ဇနီးကတော့ လက်၊ခါးနဲ့ခြေထောက်တွေမှာ ကျည်ထိမှန်ဒဏ်ရာတွေရခဲ့ပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်တဲ့ရပ်ကွက်အတွင်းနဲ့ လမ်းမတွေပေါ်မှာ စစ်ဆေးမှုတွေလုပ်နေကြပါတယ်။

(Zawgyi)

မိုင္တဲမွာအလုပ္လုပ္ေနတဲ့ အၿငိမ္းစား ဗိုလ္မႉး အိမ္ကေနအထြက္မွာ ပစ္သတ္ခံရ

 

မိုင္တဲမွာအလုပ္လုပ္ေနတဲ့ ဗိုလ္မႉး(ၿငိမ္း)နဲ႔ဇနီး ႏိုဝင္ဘာ ၄ ရက္မနက္ ၇ နာရီခြဲက အိမ္ကေနအထြက္မွာ ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရပါတယ္။

“ပစ္သတ္ခံရတဲ့ ဗိုလ္မႉးသိန္းေအာင္(ၿငိမ္း)က ဒီေန႔မနက္လမ္းထြက္ေလွ်ာက္ဖို႔ သူ႔အမ်ိဳးသမီးနဲ႔အတူ အိမ္ကေနထြက္ထြက္ျခင္းပဲ ေသနတ္နဲ႔ပစ္ခံခဲ့ရတာပါ။ သိရသေလာက္ကေတာ့ ပစ္သြားတဲ့လူက အသင့္ေစာင့္ၿပီးသူတို႔လင္မယားထြက္လာတဲ့အခ်ိန္ ပစ္ၿပီးထြက္ေျပးသြားတယ္”လို႔ မိသားစုနဲ႔နီးစပ္တဲ့သူတစ္ေယာက္ကေျပာပါတယ္။

ဦးသိန္းေအာင္ဟာ မိုင္တဲ ကုမၼဏီမွာ Chief Financial Officer အျဖစ္လုပ္ကိုင္ေနတာပါ။

ေသနတ္နဲ႔ပစ္ခံရလို႔ ဦးသိန္းေအာင္ ဟာ က်ည္ေဖာက္ဝင္ဒဏ္ရာေလးခ်က္ရၿပီး ေသဆုံးခဲ့ပါတယ္။သူ႔ရဲ႕ ဇနီးကေတာ့ လက္၊ခါးနဲ႔ေျခေထာက္ေတြမွာ က်ည္ထိမွန္ဒဏ္ရာေတြရခဲ့ပါတယ္။လက္ရွိမွာေတာ့ အခင္းျဖစ္တဲ့ရပ္ကြက္အတြင္းနဲ႔ လမ္းမေတြေပၚမွာ စစ္ေဆးမႈေတြလုပ္ေနၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here