NCAလက်မှတ်ရေးထိုးထားတဲ့ ABSDFရဲ့ မြဝတီဆက်ဆံရေးရုံးတာဝန်ခံနဲ့ ရုံးအဖွဲ့ဝင် (၃)ဦး ထိန်းသိမ်းခံထားရမှု ပြန်လွှတ်ပေးဖို့ တောင်းဆို

0
226

(Unicode)

NCAလက်မှတ်ရေးထိုးထားတဲ့ ABSDFရဲ့ မြဝတီဆက်ဆံရေးရုံးတာဝန်ခံနဲ့ ရုံးအဖွဲ့ဝင် (၃)ဦး ထိန်းသိမ်းခံထားရမှု ပြန်လွှတ်ပေးဖို့ တောင်းဆို

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF) ရဲ့ မြဝတီဆက်ဆံရေးရုံးက တာဝန်ခံနဲ့ ရုံးအဖွဲ့ဝင် (၃)ဦးကို နိုဝင်ဘာလ ၂ရက်နေ့က တပ်မတော်၊ ရဲနဲ့ ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားတာနဲ့ ပတ်သတ်ပြီး ပြန်လွှတ်ပေးဖို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက တောင်းဆိုလိုက်ပါတယ်။

“ဆက်ဆံရေးရုံးနဲ့ ရုံးအဖွဲ့ဝင် များဟာ Bilateral စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့ နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန် ကဲ့သို့ ဆက်ဆံရေးအရာရှိများဖြစ်သည့်အပြင် ၎င်းတို့အား အကာအကွယ်ပေးရမည်ဟု NCAတွင် ပြဌာန်းထားသောကြောင့် ဤပြုမူချက်က NCAကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ PPST ကိုယ်စား တောင်းဆိုပါတယ်”လို့ နိုင်အောင်မင်းက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၄ရက်နေ့ မှာ Video Conferencing နဲ့ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး(၂၁/၂၀၂၁)မှာ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုလိုက်တာပါ။

နစက ဘက်ကတော့ ဘာကြောင့် ထိန်းသိမ်းလိုက်တယ်ဆိုတာ သတင်းမထုတ်ပြန်သေးပါဘူး။

ဒါပေမယ့် ABSDFက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြောဆိုထားခဲ့ဖူးတယ်ဆိုတဲ့ နစကနဲ့ တိုက်ခိုက်သွားမယ် ဆိုတဲ့ သတင်းနဲ့ ဆက်စပ်နိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး(၂၁/၂၀၂၁) မှာတော့ လက်ရှိနိုင်ငံရေး အကျပ်အတည်ဖြေရှင်းရေးအတွက် UN က အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင် ရာ UN အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာနဲ့ ချိတ်ဆက် ပံ့ပိုးဆောင်ရွက်နိုင်ရေးကိစ္စ အပါအဝင် ယခုရက်ပိုင်းထဲ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးနေကြပါတယ်။

 

(Zawgyi)

NCAလက္မွတ္ေရးထိုးထားတဲ့ ABSDFရဲ႕ ျမဝတီဆက္ဆံေရး႐ုံးတာဝန္ခံနဲ႔ ႐ုံးအဖြဲ႕ဝင္ (၃)ဦး ထိန္းသိမ္းခံထားရမႈ ျပန္လႊတ္ေပးဖို႔ ေတာင္းဆို

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ ျမန္မာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး( ABSDF) ရဲ႕ ျမဝတီဆက္ဆံေရး႐ုံးက တာဝန္ခံနဲ႔ ႐ုံးအဖြဲ႕ဝင္ (၃)ဦးကို ႏိုဝင္ဘာလ ၂ရက္ေန႔က တပ္မေတာ္၊ ရဲနဲ႔ ေဒသ ဆိုင္ရာ တာဝန္ရွိသူေတြ လာေရာက္ေခၚေဆာင္သြားၿပီး ထိန္းသိမ္းထားတာနဲ႔ ပတ္သတ္ၿပီး ျပန္လႊတ္ေပးဖို႔ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ အစည္းမ်ား ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST)ရဲ႕ ဦးေဆာင္မႈအလုပ္အဖြဲ႕ ေခါင္းေဆာင္ ႏိုင္ေအာင္မင္းက ေတာင္းဆိုလိုက္ပါတယ္။

“ဆက္ဆံေရး႐ုံးနဲ႔ ႐ုံးအဖြဲ႕ဝင္ မ်ားဟာ Bilateral စာခ်ဳပ္နဲ႔ NCA စာခ်ဳပ္အရ သက္ဆိုင္ရာ EAO မ်ားရဲ႕ ႏွစ္ဖက္သေဘာတူ တရားဝင္ခန႔္အပ္ထားတဲ့ သံတမန္ ကဲ့သို႔ ဆက္ဆံေရးအရာရွိမ်ားျဖစ္သည့္အျပင္ ၎တို႔အား အကာအကြယ္ေပးရမည္ဟု NCAတြင္ ျပဌာန္းထားေသာေၾကာင့္ ဤျပဳမူခ်က္က NCAကို ခ်ိဳးေဖာက္ရာေရာက္တဲ့အတြက္ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ PPST ကိုယ္စား ေတာင္းဆိုပါတယ္”လို႔ ႏိုင္ေအာင္မင္းက ေျပာပါတယ္။

ဒီကေန႔ ႏိုဝင္ဘာလ ၄ရက္ေန႔ မွာ Video Conferencing နဲ႔ က်င္းပေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး(၂၁/၂၀၂၁)မွာ ဦးေဆာင္မႈအလုပ္အဖြဲ႕ ေခါင္းေဆာင္ ႏိုင္ေအာင္မင္းက အဖြင့္မိန႔္ခြန္းေျပာၾကားစဥ္ ထည့္သြင္းေျပာဆိုလိုက္တာပါ။

နစက ဘက္ကေတာ့ ဘာေၾကာင့္ ထိန္းသိမ္းလိုက္တယ္ဆိုတာ သတင္းမထုတ္ျပန္ေသးပါဘူး။

ဒါေပမယ့္ ABSDFက ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ေျပာဆိုထားခဲ့ဖူးတယ္ဆိုတဲ့ နစကနဲ႔ တိုက္ခိုက္သြားမယ္ ဆိုတဲ့ သတင္းနဲ႔ ဆက္စပ္ႏိုင္တယ္လို႔ သုံးသပ္ခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။

ဒီကေန႔ က်င္းပတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး(၂၁/၂၀၂၁) မွာေတာ့ လက္ရွိႏိုင္ငံေရး အက်ပ္အတည္ေျဖရွင္းေရးအတြက္ UN က အသစ္ခန႔္အပ္လိုက္တဲ့ ျမန္မာႏိုင္ငံဆိုင္ ရာ UN အထူးကိုယ္စားလွယ္ ေဒါက္တာ ႏိုလင္းေဟဇာနဲ႔ ခ်ိတ္ဆက္ ပံ့ပိုးေဆာင္႐ြက္ႏိုင္ေရးကိစၥ အပါအဝင္ ယခုရက္ပိုင္းထဲ ျဖစ္ေပၚေနတဲ့ ကိစၥရပ္ေတြကို ေဆြးေႏြးေနၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here