မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်ကုန်သည်ကြီးများအသင်းမှ ပြုလုပ်သည့် ကာကွယ်ဆေးထိုးခြင်းအပေါ် ဂုဏ်ပြုလွှာများ ပေးအပ်

0
304

(Unicode)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်ကုန်သည်ကြီးများအသင်းမှ ပြုလုပ်သည့် ကာကွယ်ဆေးထိုးခြင်းအပေါ် ဂုဏ်ပြုလွှာများ ပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းအဖွဲအစည်းတွေမှ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း စီစဉ်ဆောင် ရွက်ပေးတဲ့အတွက် ဆောင်ရွက်သူတွေရဲ့ ကြိုး ပမ်းအားထုတ်မှုကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအစိုးရနဲ့ ကပ်ရောဂါတိုက်ဖျက်ပူးပေါင်းဆောင်ရွက်မှုနဲ့ အတူ ကူညီပံ့ပိုးမှုတွေပေးနေသည့်အပြင် မြန် မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေအတွက် ဖွဲစည်းဆောင်ရွက်ပေးတဲ့ တရုတ်နွယ်ဖွားများနဲ့ ပြည်ပရောက်တရုတ်မျိုးနွယ်များရဲ့ အသက်နဲ့ကျန်းမာရေးကိုလည်း အလေးထားကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုအကြိမ်လှုပ်ရှားမှုဟာ မြန်မာနိုင်ငံရှိတရုတ် နွယ်ဖွားအသိုင်းအဝိုင်း နယ်ပယ်သမိုင်းမှာ အရေးပါတဲ့ စာမျက်နှာတစ်ခုအဖြစ် ကမ္ဗည်းတင်နိုင်မှာဖြစ်ကြောင်းလည်း ပြောထားပါတယ်။

ကာကွယ်ဆေးထိုးနှံနိုင်မှုဟာ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊တရုတ်-မြန်မာ ပူးပေါင်းဆောင် ရွက်လျက်ရှိသော စီးပွါးရေးလုပ်ငန်းများမှ ဒေ သခံဝန်ထမ်းများ၊မြန်မာနိုင်ငံရှိတိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံပေါင်း ၂၀ကျော်မှ မြန်မာနိုင်ငံသို့ ရောက်ရှိနေသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချိန်ဟိုင်ဟာ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းအဖွဲအစည်းတွေမှ ကာကွယ် ဆေးထိုးနှံမှုလုပ်ငန်းစီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ တရုတ်နွယ်ဖွားလူမှုအဖွဲ့ဖတာဝန်ရှိသူတွေကို အောက်တိုဘာလ ၂၅ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေးကော်မတီတွေအတွက် ဂုဏ်ပြုလွှာများပေးအပ်ခဲ့တယ်လို တရုတ်သံရုံးကထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here