လျှပ်စစ် ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့၊ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ စင်ကာပူ၊တရုတ်နဲ့ ထိုင်း က ပိုမို မြှုပ်နှံလာ

0
275

(Unicode)

လျှပ်စစ် ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့၊ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ စင်ကာပူ၊တရုတ်နဲ့ ထိုင်း က ပိုမို မြှုပ်နှံလာ

မြန်မာနိုင်ငံရဲ့ လျှပ်စစ် ၊ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့၊ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ စင်ကာပူ၊တရုတ်နဲ့ ထိုင်းနိုင်ငံတို့ က ပိုမို မြှုပ်နှံထားကြတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဆင့်မြင့်အရာရှိက ပြောပါတယ်။

စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံဟာ စီးပွားရေးကဏ္ဍ ၁၂ ခု မှာ ရင်းနှီးမြှုပ်နှံထားကြတာပါ။

လျှပ်စစ်ကဏ္ဍမှာ ၂၈ ရာခိုင်နှုန်း၊ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ကဏ္ဍမှာ ၂၅ ဒသမ ၁၈ ရာခိုင်နှုန်း၊ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၁၄ ဒသမ ၂၆ ရာခိုင်နှုန်း ရှိနေတယ်လို့ ကော်မရှင် ဥက္ကဌဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက နိုဝင်ဘာလ ၃ ရက်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(ကာလတို) ပထမဆုံး အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း ၁၉ ခု ရှိပါတယ်။အဲဒီ ၁၉ ခု မှာပဲ မတည်ငွေရင်းကို တိုးမြှင့်တာတွေ ရှိတဲ့အတွက် အသစ် ထပ်ပြီးမြှုပ်နှံတဲ့ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍ စတဲ့ လုပ်ငန်းသစ် ၁၃ ခု နဲ့ ပေါင်းလိုက်ရင် ရင်းနှီးမြုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၈၃၈ သန်း နဲ့ မြန်မာငွေ ကျပ်သန်း ၂၂၅၅၂၀ ဒသမ ၀၁၅ ရှိပါတယ်။

အဲဒီလုပ်ငန်းတွေက ပြည်တွင်းမှာ အလုပ်အကိုင် ၂၉၇၂ နေရာ ကို ဖန်တီး ပေးနိုင်မှာပါ။အခုဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ပေါင်း ၅၁ နိုင်ငံ ရှိနေပြီလို့ စက်တင်ဘာအထိ စာရင်းတွေကဖော်ပြပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်ပမာဏဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ရှိခဲ့တာမှာ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ဝန်းကျင်လောက်သာ ရရှိခဲ့ပါတယ်။

(Zawgyi)

လွ်ပ္စစ္ ၊ ေရနံႏွင့္ သဘာဝ ဓါတ္ေငြ႕၊ကုန္ထုတ္လုပ္မႈက႑ေတြမွာ စင္ကာပူ၊တ႐ုတ္နဲ႔ ထိုင္း က ပိုမို ျမႇဳပ္ႏွံလာ

ျမန္မာႏိုင္ငံရဲ႕ လွ်ပ္စစ္ ၊ ေရနံနဲ႔ သဘာဝ ဓါတ္ေငြ႕၊ကုန္ထုတ္လုပ္မႈက႑ေတြမွာ စင္ကာပူ၊တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံတို႔ က ပိုမို ျမႇဳပ္ႏွံထားၾကတယ္လို႔ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ အဆင့္ျမင့္အရာရွိက ေျပာပါတယ္။

စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ နဲ႔ ထိုင္းႏိုင္ငံဟာ စီးပြားေရးက႑ ၁၂ ခု မွာ ရင္းႏွီးျမႇဳပ္ႏွံထားၾကတာပါ။

လွ်ပ္စစ္က႑မွာ ၂၈ ရာခိုင္ႏႈန္း၊ေရနံနဲ႔ သဘာဝ ဓါတ္ေငြ႕က႑မွာ ၂၅ ဒသမ ၁၈ ရာခိုင္ႏႈန္း၊ကုန္ထုတ္လုပ္မႈက႑မွာ ၁၄ ဒသမ ၂၆ ရာခိုင္ႏႈန္း ရွိေနတယ္လို႔ ေကာ္မရွင္ ဥကၠဌဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းက ႏိုဝင္ဘာလ ၃ ရက္မွာ ျပဳလုပ္တဲ့ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ရဲ႕ ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္(ကာလတို) ပထမဆုံး အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ ေဆာင္႐ြက္ေနဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း စုစုေပါင္း ၁၉ ခု ရွိပါတယ္။အဲဒီ ၁၉ ခု မွာပဲ မတည္ေငြရင္းကို တိုးျမႇင့္တာေတြ ရွိတဲ့အတြက္ အသစ္ ထပ္ၿပီးျမႇဳပ္ႏွံတဲ့ စိုက္ပ်ိဳးေရးက႑၊ ဟိုတယ္ႏွင့္ ခရီးသြားက႑၊ ကုန္ထုတ္လုပ္မႈက႑ႏွင့္ ဝန္ေဆာင္မႈ က႑ စတဲ့ လုပ္ငန္းသစ္ ၁၃ ခု နဲ႔ ေပါင္းလိုက္ရင္ ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏဟာ အေမရိကန္ေဒၚလာ ၂၀၄ ဒသမ ၈၃၈ သန္း နဲ႔ ျမန္မာေငြ က်ပ္သန္း ၂၂၅၅၂၀ ဒသမ ၀၁၅ ရွိပါတယ္။

အဲဒီလုပ္ငန္းေတြက ျပည္တြင္းမွာ အလုပ္အကိုင္ ၂၉၇၂ ေနရာ ကို ဖန္တီး ေပးႏိုင္မွာပါ။အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံတဲ့ ႏိုင္ငံ ေပါင္း ၅၁ ႏိုင္ငံ ရွိေနၿပီလို႔ စက္တင္ဘာအထိ စာရင္းေတြကေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အေနနဲ႔ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ရည္မွန္းခ်က္ပမာဏဟာ အေမရိကန္ေဒၚလာ ၅ ဒသမ ၈ ဘီလီယံ ရွိခဲ့တာမွာ ကိုဗစ္နဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ အေမရိကန္ေဒၚလာ ၃ ဒသမ ၈ ဘီလီယံ ဝန္းက်င္ေလာက္သာ ရရွိခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here