မန္တလေးကျောက်ဝိုင်းစခန်း ဗုံးကွဲ

0
279

(Unicode)

မန္တလေးကျောက်ဝိုင်းစခန်း ဗုံးကွဲ

မန္တလေး မဟာအောင်မြေကျောက်ဝိုင်းစခန်း ယနေ့ နိုဝင်ဘာ ၄ရက် မနက် ၆နာရီခွဲက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်။

မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း အနောက်မြောက်ထောင့်သို့ လှည့်ကင်းအဖွဲ့ရောက်စဉ် ကားလမ်းဘေး အမှိုက်ပုံးအတွင်းမှ ဒေသန္တရလက်လုပ်ရီမုဒ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်လုပ်မိုင်းပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နစကက ပြောသည်။

ပြင်ပတွင်မူ ရဲတစ်ဦး သေဆုံးသွားသည်ဆိုသော သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိနေသည်။

“ပေါက်တဲ့ အချိန်က ကျောက်ဝိုင်းသိပ်မစည်သေးတဲ့ အချိန်ဆိုတော့ သိပ်မသိကြဘူး”ဟု ကျောက်အရောင်းအဝယ်သမားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်ကလည်း မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း) အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကာ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ရပ်ထားသည့် ကား၂စီးသာ ထိခိုက်ခဲ့သည်။

ဗုံးဖောက်ခွဲမှုများကို ဒေသအဖွဲ့များက ၎င်းတို့့်ဆောင်ရွက်ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

(Zawgyi)

မႏၲေလးေက်ာက္ဝိုင္းစခန္း ဗုံးကြဲ

မႏၲေလး မဟာေအာင္ေျမေက်ာက္ဝိုင္းစခန္း ယေန႔ ႏိုဝင္ဘာ ၄ရက္ မနက္ ၆နာရီခြဲက ေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့သည္။

မဟာေအာင္ေျမ ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးစခန္း အေနာက္ေျမာက္ေထာင့္သို႔ လွည့္ကင္းအဖြဲ႕ေရာက္စဥ္ ကားလမ္းေဘး အမႈိက္ပုံးအတြင္းမွ ေဒသႏၲရလက္လုပ္ရီမုဒ္မိုင္း ၁ လုံးေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

လက္လုပ္မိုင္းေပါက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု နစကက ေျပာသည္။

ျပင္ပတြင္မူ ရဲတစ္ဦး ေသဆုံးသြားသည္ဆိုေသာ သတင္းမ်ားက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚလ်က္ရွိေနသည္။

“ေပါက္တဲ့ အခ်ိန္က ေက်ာက္ဝိုင္းသိပ္မစည္ေသးတဲ့ အခ်ိန္ဆိုေတာ့ သိပ္မသိၾကဘူး”ဟု ေက်ာက္အေရာင္းအဝယ္သမားတစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၉ ရက္ကလည္း မဟာေအာင္ေျမ ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးစခန္း (မႏၲေလးေက်ာက္ဝိုင္း) အနီးတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေသးကာ ထိခိုက္ဒဏ္ရာရသူမရွိဘဲ ရပ္ထားသည့္ ကား၂စီးသာ ထိခိုက္ခဲ့သည္။

ဗုံးေဖာက္ခြဲမႈမ်ားကို ေဒသအဖြဲ႕မ်ားက ၎တို့္႔ေဆာင္႐ြက္ေၾကာင္း ထုတ္ျပန္ထားသည္ကိုေတြ႕ရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here