ထိုင်းနိုင်ငံတောင်ပိုင်း စုမ်ခရာခရိုင်ရှိ လက်အိတ်စက်ရုံမှ မြန်မာလုပ်သမားများ ဆန္ဒပြ၊တောင်းဆိုချက်အများစုရရှိသွား

0
162

(Unicode)

ထိုင်းနိုင်ငံတောင်ပိုင်း စုမ်ခရာခရိုင်ရှိ လက်အိတ်စက်ရုံမှ မြန်မာလုပ်သမားများ ဆန္ဒပြ၊တောင်းဆိုချက်အများစုရရှိသွား

 

“အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရရှိရေး…ဒို့အရေး၊“အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ရရှိရေး” စသည့် လိုလားချက်များတောင်းဆို ဆန္ဒပြခဲ့ကြသူများမှာ ထိုင်းနိုင်ငံ INNOVATIVE Gloves Co., Ltd တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများဖြစ်ကြသည်။

ဆန္ဒပြခဲ့ကြသည်က အဆိုပါလက်အိတ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး လေဖြတ်မလိုဖြစ်ခဲ့သည့်အတွက် စက်ရုံတွင်းရှိ အလုပ်သမားများက ဆေးရုံပို့ရန် စီစဉ်ခြင်းကို စက်ရုံတာဝန်ခံက ထွက်ခွာခွင့်မပြုခဲ့ရာမှတဆင့် လူနာသေဆုံးခဲ့၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ထိုင်းဘက်မှ လာသော သတင်းများက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး အလုပ်သမားသံအရာရှိရုံးက အဆိုပါ ဆန္ဒပြမှုနှင့် စပ်လျဉ်းပြီး ဒေသခံ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပြီး ရနောင်းအလုပ်သမားသံအရာရှိက အနီးကပ်ကြီးကြပ် လှုပ်ရှားဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်က လက်အိတ်စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု ရလဒ် (၁၂) ချက်ဖြင့်သဘောတူညီမှုရရှိသွားပြီဟု ယနေ့ ညနေတွင်ပြောသည်။

MWRN (ဟတ်ယိုင်) ၊ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေး (ဆဝဒီကန်)အဖွဲ့၊ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ (SERC)၊ ပလပ်အန်ဖေကဆုံမဟာထိုင် (ဟတ်ယိုင်) အဖွဲ့တို့ သွားရောက်ကူညီဖြေရှင်းပေးခဲ့ရာ အပြန်လှန်ဆွေးနွေးမှုဖြင့် အလုပ်သမားများတောင်းဆိုသည့် အချက် (၁၃) ချက်ထဲမှ (၁၂) ချက်ကိုသဘောတူညီမှုရရှိခဲ့ပါသည်ဟု ပြောကာ တောင်းဆိုချက်များထဲ အလုပ်သမားများ၏ကျန်းမာရေးအတွက် အရေးပေါ်ကား ၂၄ နာရီနှင့် စကားပြန်ထားပေးရန်။ စက်ရုံအတွင်း ကျန်းမာရေးအတွက် ဆရာဝန်( နပ်စ်မ )၂၄ နာရီ ရှိအောင် ဆောင်ရွက်ပေးရန်၊ အလုပ်နားရက် အလုပ်ဆင်းခိုင်းပါက လုပ်အားခ ၂ ဆ ပေးရန်။
ယခင်က OT တစ်နာရီလျင် 42 ဘတ်သာပေး၍ ဥပဒေအတိုင်း OT ကြေး ၆၀ ဘတ်ပေးရန် စသည့် အချက်ပါ ပါဝင်သည်ကို တွေ့ရသည်။

ဓါတ်ပုံ- အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်)၊ MWRN

(Zawgyi)

ထိုင္းႏိုင္ငံေတာင္ပိုင္း စုမ္ခရာခ႐ိုင္ရွိ လက္အိတ္စက္႐ုံမွ ျမန္မာလုပ္သမားမ်ား ဆႏၵျပ၊ေတာင္းဆိုခ်က္အမ်ားစုရရွိသြား

အလုပ္သမားအခြင့္အေရးမ်ား ရရွိျခင္းမရွိသည့္အတြက္ေၾကာင့္ဆိုၿပီး ထိုင္းေတာင္ပိုင္း စုခ္ခရာခ႐ိုင္ေရာက္ ရာႏွင့္ခ်ီသည့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအခ်ိဳ႕ ယေန႔ ႏိုဝင္ဘာ ၄ရက္ မနက္ပိုင္းက ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

“အလုပ္သမားအခြင့္အေရး အျပည့္အ၀ ရရွိေရး…ဒို႔အေရး၊“အလုပ္သမားမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ အျပည့္အ၀ ရရွိေရး” စသည့္ လိုလားခ်က္မ်ားေတာင္းဆို ဆႏၵျပခဲ့ၾကသူမ်ားမွာ ထိုင္းႏိုင္ငံ INNOVATIVE Gloves Co., Ltd တြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာမ်ားျဖစ္ၾကသည္။

ဆႏၵျပခဲ့ၾကသည္က အဆိုပါလက္အိတ္႐ုံတြင္ အလုပ္လုပ္ကိုင္ေနသည့္ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦး ေလျဖတ္မလိုျဖစ္ခဲ့သည့္အတြက္ စက္႐ုံတြင္းရွိ အလုပ္သမားမ်ားက ေဆး႐ုံပို႔ရန္ စီစဥ္ျခင္းကို စက္႐ုံတာဝန္ခံက ထြက္ခြာခြင့္မျပဳခဲ့ရာမွတဆင့္ လူနာေသဆုံးခဲ့၍ ဆႏၵျပၾကျခင္းျဖစ္သည္ဟု ထိုင္းဘက္မွ လာေသာ သတင္းမ်ားက ဆိုသည္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ အေျခစိုက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သံ႐ုံး အလုပ္သမားသံအရာရွိ႐ုံးက အဆိုပါ ဆႏၵျပမႈႏွင့္ စပ္လ်ဥ္းၿပီး ေဒသခံ လူမႈအေျချပဳအဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္လွ်က္ရွိၿပီး ရေနာင္းအလုပ္သမားသံအရာရွိက အနီးကပ္ႀကီးၾကပ္ လႈပ္ရွားေဆာင္႐ြက္သြားမည္ဟု သတင္းထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံအေျခစိုက္ ေ႐ႊ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ယက္က လက္အိတ္စက္႐ုံအလုပ္သမားမ်ား ဆႏၵျပေတာင္းဆိုမႈ ရလဒ္ (၁၂) ခ်က္ျဖင့္သေဘာတူညီမႈရရွိသြားၿပီဟု ယေန႔ ညေနတြင္ေျပာသည္။

MWRN (ဟတ္ယိုင္) ၊ နယ္ေျမခံအလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရး (ဆဝဒီကန္)အဖြဲ႕၊ ထိုင္းအလုပ္သမားသမဂၢအဖြဲ႕ (SERC)၊ ပလပ္အန္ေဖကဆုံမဟာထိုင္ (ဟတ္ယိုင္) အဖြဲ႕တို႔ သြားေရာက္ကူညီေျဖရွင္းေပးခဲ့ရာ အျပန္လွန္ေဆြးေႏြးမႈျဖင့္ အလုပ္သမားမ်ားေတာင္းဆိုသည့္ အခ်က္ (၁၃) ခ်က္ထဲမွ (၁၂) ခ်က္ကိုသေဘာတူညီမႈရရွိခဲ့ပါသည္ဟု ေျပာကာ ေတာင္းဆိုခ်က္မ်ားထဲ အလုပ္သမားမ်ား၏က်န္းမာေရးအတြက္ အေရးေပၚကား ၂၄ နာရီႏွင့္ စကားျပန္ထားေပးရန္။ စက္႐ုံအတြင္း က်န္းမာေရးအတြက္ ဆရာဝန္( နပ္စ္မ )၂၄ နာရီ ရွိေအာင္ ေဆာင္႐ြက္ေပးရန္၊ အလုပ္နားရက္ အလုပ္ဆင္းခိုင္းပါက လုပ္အားခ ၂ ဆ ေပးရန္။
ယခင္က OT တစ္နာရီလ်င္ 42 ဘတ္သာေပး၍ ဥပေဒအတိုင္း OT ေၾကး ၆၀ ဘတ္ေပးရန္ စသည့္ အခ်က္ပါ ပါဝင္သည္ကို ေတြ႕ရသည္။

ဓါတ္ပုံ- အလုပ္သမားသံအရာရွိ႐ုံး(ဘန္ေကာက္)၊ MWRN


LEAVE A REPLY

Please enter your comment!
Please enter your name here