နတ်မောက်ပညာရေးမှူးရုံးမှဒုဦးစီးမှူး အသတ်ခံရ
0
234
နတ်မောက်ပညာရေးမှူးရုံးမှဒုဦးစီးမှူး အသတ်ခံရ
Unicode
မကွေးတိုင်း နတ်မောက်တွင် မြိုနယ်ပညာရေးမှူးရုံးမှဒုတိယဦးစီးမှူးဖြစ်သူ ဦးခင်မောင်သန်း အသတ်ခံလိုက်ရမှုတစ်ခုဖြစ်ပွားခဲ့သည်။
အသက် ၅၉ နှစ်အရွယ်ရှိမြိုနယ်ပညာရေးမှူးရုံးမှဒုတိယဦးစီးမှူး ဦးခင်မောင်သန်းသည် နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ၎င်း၏နေအိမ်ရှိရာ လက်ခုပ်ပင်ကျေးရွာသို ပြန်အသွား ပျောက်ဆုံးသွားခဲ့ရာမှတဆင့် လိုက်လံရှာဖွေခဲ့ကြရာ အသတ်ခံလိုက်သည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။
“ပျောက်သွားတယ်ပေါ့။လိုက်ရှာတော့ ယာတောထဲမှာ အလောင်းတွေ့ခဲ့ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ပျောက်ဆုံးပြီး ၃ရက်အကြာမှရုပ်အလောင်းကိုတွေ့ရှိရခြင်းဖြစ်သည်။
အလောင်းကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ကြူ အိုင်ကျေးရွာအနီးရှိ ယာတောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးချက်အရ အလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာကို ရှာဖွေတွေ့ရှိခဲ့ရသည်။
သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြောင်းအရင်းကိုရှာဖွေနေကြစဲ ဖြစ်သည်ဟုသိရသည်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here