ယခုလအတွင်း တရုတ်-မြန်မာ နယ်စပ် ဂိတ်နှစ်ခုပြန်ဖွင့်မည်

0
164

ယခုလအတွင်း တရုတ်-မြန်မာ နယ်စပ် ဂိတ်နှစ်ခုပြန်ဖွင့်မည်


လက်ရှိ နိုဝင်ဘာလ ထဲမှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေထဲက ကျင်ဆန်းကျော့ဂိတ် နဲ့ ဝမ်တိန်ဂိတ်ကို ပြန်ဖွင့်ဖို့ တရုတ်နိုင်ငံက လုပ်နေပါတယ်။

ယမန်နေ့က တရုတ်နိုင်ငံရွေလီမြို့မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ဖို့ အထူးစည်းဝေးကျင်းပခဲ့ပြီးတော့ မြန်မာ-တရုတ် နယ်စပ် ဂိတ်တွေထဲက ကျင်ဆန်းကျော့နဲ့ ဝမ်တိန် ဂိတ်တွေကို ပြန်ဖွင့်ပေးဖို့ ညှိနှိုင်းခဲ့ကြတာပါ။

လချီပိတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ရွှေလီမြို့တွင်းမှာ က ဒေသခံတွေက နိုဝင်ဘာလ ၂ ရက်နေ့၊ နိုဝင်ဘာလ ၃ရက်နေ့ နှစ်ရက်ဆက်တိုက် တောင်းဆို ဆန္ဒပြခဲ့ကြပြီးတဲ့နောက်မှာ ဂိတ်ဖွင့်ဖို့ အစည်းအဝေးလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက နယ်စပ်ဂိတ်တွေ အမြန် ပြန်ဖွင့်ပေးဖို့နဲ့ စီးပွားရေးကျပ်တည်းလားပြီး အလုပ်လက်မဲ့တွေပေါလာပြီး ရွေလီမြို့မှာလည်း အရောင်းဝယ်တွေ လုံးဝရပ်တန့်နေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

နယ်စပ် ဂိတ်တွေကို ပိတ်ထားတာ အခုဆိုရင် လနဲ့ချီကြာနေပြီ ဖြစ်လို့ ရွေလီမြို့ရဲ့ တာဝန်ရှိသူတွေကလည်း ကြယ်ခေါင်မှာ ပိတ်မိနေတဲ့ ကုန်တွေကို အရင်ရှင်းပြီး ကျင်ဆန်းကျော့ဂိတ်နှင့်ဝမ်တိန်ဂိတ်ကို အမြန်ဆုံးပြန်ဖွင့်ပေးချင်နေကြတာ ဖြစ်တယ်လို့ လည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုဇုန်ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ မြန်မာနိုင်ငံဘက်က စိုက်ပျိုးရေး၊ ရေထွက်ကုန်တွေကို အဓိက တင်ပို့လေ့ရှိပါတယ်။ဒါပေမဲ့ အခု လုံးဝရပ်တန့်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေးကိုမှီတည်နေကြသူတွေ ဖြစ်တဲ့
ကုန်သည်တွေ ။ ကုန်တင်ယာဉ်မောင်းတွေ ၊ ကုန်တင် ကုန်ချအလုပ်သမားတွေ နဲ့ ဆက်စပ်လုပ်ငန်းအားလုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

Zaw Gyi

ယခုလအတြင္း တ႐ုတ္-ျမန္မာ နယ္စပ္ ဂိတ္ႏွစ္ခုျပန္ဖြင့္မည္

လက္ရွိ ႏိုဝင္ဘာလ ထဲမွာ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ေတြထဲက က်င္ဆန္းေက်ာ့ဂိတ္ နဲ႔ ဝမ္တိန္ဂိတ္ကို ျပန္ဖြင့္ဖို႔ တ႐ုတ္ႏိုင္ငံက လုပ္ေနပါတယ္။

ယမန္ေန႔က တ႐ုတ္ႏိုင္ငံေ႐ြလီၿမိဳ႕မွာ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ျပန္ဖြင့္ဖို႔ အထူးစည္းေဝးက်င္းပခဲ့ၿပီးေတာ့ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္ေတြထဲက က်င္ဆန္းေက်ာ့နဲ႔ ဝမ္တိန္ ဂိတ္ေတြကို ျပန္ဖြင့္ေပးဖို႔ ညႇိႏႈိင္းခဲ့ၾကတာပါ။

လခ်ီပိတ္ထားတဲ့ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြကို အျမန္ဆုံး ျပန္ဖြင့္ေပးဖို႔ ေ႐ႊလီၿမိဳ႕တြင္းမွာ က ေဒသခံေတြက ႏိုဝင္ဘာလ ၂ ရက္ေန႔၊ ႏိုဝင္ဘာလ ၃ရက္ေန႔ ႏွစ္ရက္ဆက္တိုက္ ေတာင္းဆို ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္မွာ ဂိတ္ဖြင့္ဖို႔ အစည္းအေဝးလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

ဆႏၵျပသူေတြက နယ္စပ္ဂိတ္ေတြ အျမန္ ျပန္ဖြင့္ေပးဖို႔နဲ႔ စီးပြားေရးက်ပ္တည္းလားၿပီး အလုပ္လက္မဲ့ေတြေပါလာၿပီး ေ႐ြလီၿမိဳ႕မွာလည္း အေရာင္းဝယ္ေတြ လုံးဝရပ္တန႔္ေနတယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

နယ္စပ္ ဂိတ္ေတြကို ပိတ္ထားတာ အခုဆိုရင္ လနဲ႔ခ်ီၾကာေနၿပီ ျဖစ္လို႔ ေ႐ြလီၿမိဳ႕ရဲ႕ တာဝန္ရွိသူေတြကလည္း ၾကယ္ေခါင္မွာ ပိတ္မိေနတဲ့ ကုန္ေတြကို အရင္ရွင္းၿပီး က်င္ဆန္းေက်ာ့ဂိတ္ႏွင့္ဝမ္တိန္ဂိတ္ကို အျမန္ဆုံးျပန္ဖြင့္ေပးခ်င္ေနၾကတာ ျဖစ္တယ္လို႔ လည္း မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္မႈဇုန္ရဲ႕ တာဝန္ရွိသူေတြက ဆိုပါတယ္။

တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြကေန ျမန္မာႏိုင္ငံဘက္က စိုက္ပ်ိဳးေရး၊ ေရထြက္ကုန္ေတြကို အဓိက တင္ပို႔ေလ့ရွိပါတယ္။ဒါေပမဲ့ အခု လုံးဝရပ္တန႔္ေနတာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးကိုမွီတည္ေနၾကသူေတြ ျဖစ္တဲ့
ကုန္သည္ေတြ ။ ကုန္တင္ယာဥ္ေမာင္းေတြ ၊ ကုန္တင္ ကုန္ခ်အလုပ္သမားေတြ နဲ႔ ဆက္စပ္လုပ္ငန္းအားလုံး အက်ပ္အတည္းႏွင့္ ရင္ဆိုင္ေနၾကရတာ ျဖစ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here