မော်လမြိုင်ကျွန်းမြို့မှာ ကျောင်းသား၊ကျောင်းသူ ရာခိုင်နှုန်းပြည့် နီးပါးတက်

0
804

မော်လမြိုင်ကျွန်းမြို့မှာ ကျောင်းသား၊ကျောင်းသူ ရာခိုင်နှုန်းပြည့်နီးပါးတက်

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာတာကြောင့် နစက ကအခြေခံပညာစာသင်ကျောင်းတွေကို ပြန်ဖွင့်ပေးတဲ့ နိုဝင်ဘာ ပထမ ပတ်ထဲမှာပဲ မော်လမြိုင်ကျွန်းမြို့က စာသင်ကျောင်းတွေမှာ စာရင်းရှိကျောင်းအပ်ထားတဲ့ ကျောင်းသား၊ကျောင်းသူ ရာခိုင်နှုန်းပြည့် နီးပါး တက်ရောက်ခဲ့ပါတယ်။

“ဘယ်လိုတွေပဲပြောနေကြပါစေ ကလေးတွေရဲ့ပညာရေးက အရေးကြီးဆုံးပဲလေ ဒါ့ကြောင့် ကလေးတွေကိုကျောင်းသွား တက်ခိုင်းတယ် ဆောင်ရန်ရှောင်ရန်တွေ နဲ့တစ်ခုခုဖြစ်လာရင် လုပ်ရမဲ့ဟာတွေကိုလည်း ပြောပြထားတယ်” လို့မော်လမြိုင်ကျွန်းမြို့နေ ကျောင်းသား မိဘ တစ်ယောက်ကပြောပါတယ်။

ကျောင်းစဖွင့်တဲ့နေ့ကတော့ တက်တဲ့ကလေးတွေ နည်းသေးပေမဲ့ တစ်နေ့ထက် တစ်နေ့တော့ ပိုများလာတယ် နိုဝင်ဘာ ၅ ရက်မှာဆိုရင် ကျောင်းအပ် ထားတဲ့ကလေးတွေ အကုန်လုံးနီးပါးကိုလာတက်ကြတယ် ဆရာ၊ဆရာမတွေကလည်း သေချာသင်ပေးကြတယ် လို့ကျောင်း ဆရာမ တစ်ယောက်ကလည်းပြောပါတယ်။

စာသင်ချိန်က ၁၄ ပတ်ထဲပဲရှိတာကြောင့် သင်ရိုးတွေကိုပြင်ဆင်ပြီး သင်ကြားရခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလရဲ့ တတိယပတ်မှာ ကျောင်း တွင်း စစ်စာမေးပွဲတွေကိုဖြေဆိုရမှာပါ။

Photo-ထွန်းထွန်းနိုင်

Zaw Gyi

ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕မွာ ေက်ာင္းသား၊ေက်ာင္းသူ ရာခိုင္ႏႈန္းျပည့္နီးပါးတက္

ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမႈႏႈန္းေလ်ာ့က်လာတာေၾကာင့္ နစက ကအေျခခံပညာစာသင္ေက်ာင္းေတြကို ျပန္ဖြင့္ေပးတဲ့ ႏိုဝင္ဘာ ပထမပတ္ထဲမွာပဲ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕က စာသင္ေက်ာင္းေတြမွာ စာရင္းရွိေက်ာင္းအပ္ထားတဲ့ ေက်ာင္းသား၊ေက်ာင္းသူ ရာခိုင္ႏႈန္းျပည့္နီးပါး တက္ေရာက္ခဲ့ပါတယ္။

“ဘယ္လိုေတြပဲေျပာေနၾကပါေစ ကေလးေတြရဲ႕ပညာေရးကအေရးႀကီးဆုံးပဲေလ ဒါ့ေၾကာင့္ ကေလးေတြကိုေက်ာင္းသြားတက္ခိုင္းတယ္ ေဆာင္ရန္ေရွာင္ရန္ေတြနဲ႔တစ္ခုခုျဖစ္လာရင္လုပ္ရမဲ့ဟာေတြကိုလည္း ေျပာျပထားတယ္”လို႔ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ေန ေက်ာင္းသားမိဘတစ္ေယာက္ကေျပာပါတယ္။

ေက်ာင္းစဖြင့္တဲ့ေန႔ကေတာ့ တက္တဲ့ကေလးေတြနည္းေသးေပမဲ့ တစ္ေန႔ထက္တစ္ေန႔ေတာ့ ပိုမ်ားလာတယ္ ႏိုဝင္ဘာ ၅ ရက္မွာဆိုရင္ ေက်ာင္းအပ္ထားတဲ့ကေလးေတြ အကုန္လုံးနီးပါးကိုလာတက္ၾကတယ္ ဆရာ၊ဆရာမေတြကလည္း ေသခ်ာသင္ေပးၾကတယ္ လို႔ေက်ာင္းဆရာမတစ္ေယာက္ကလည္းေျပာပါတယ္။

စာသင္ခ်ိန္က ၁၄ ပတ္ထဲပဲရွိတာေၾကာင့္ သင္႐ိုးေတြကိုျပင္ဆင္ၿပီးသင္ၾကားရျခင္းျဖစ္ပါတယ္။ေဖေဖာ္ဝါရီလရဲ႕ တတိယပတ္မွာေက်ာင္းတြင္းစစ္စာေမးပြဲေတြကိုေျဖဆိုရမွာပါ။

Photo-ထြန္းထြန္းႏိုင္


LEAVE A REPLY

Please enter your comment!
Please enter your name here