ရွေးကောက်ပွဲ စနစ်ပြုပြင် ပြောင်းလဲရေးဟာ မရှိမဖြစ် အလွန်အရေးကြီးတဲ့ အခန်း ကဏ္ဍ မှာပါဝင်

0
59

ရွေးကောက်ပွဲ စနစ်ပြုပြင် ပြောင်းလဲရေးဟာ မရှိမဖြစ် အလွန်အရေးကြီးတဲ့ အခန်း ကဏ္ဍ မှာပါဝင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် နိုဝင်ဘာ ၆ ရက်ကပြုလုပ် ရာမှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဦးအောင်ဇင်က အထက်ပါအတိုင်းပြောကြားဆွေးနွေးခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ စနစ်ပြုပြင်ပြောင်းလဲရေးကိစ္စက တစ်မျိုးသားလုံးရဲ့အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့အပြင် နိုင်ငံတော်ရဲ့ သမိုင်းကြောင်းဖြစ်ပေါ်တိုးတက်လာတဲ့နိုင်ငံရေးဖြစ်စဥ်များနဲ့လည်းသက်ဆိုင်ပါတယ်”လို့ဦးအောင်ဇင်ကပြောပါတယ်။

သမိုင်းရဲ့တောင်းဆိုမှုအရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ်ကို အရောက်ချီတက်မယ်ဆိုရင် ရွေးကောက်ပွဲ စနစ်ပြုပြင်ပြောင်း လဲရေးဟာ မရှိမဖြစ်ဖြတ်ကျော်ရမဲ့အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ် တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နိုင်ငံတော်တည်ဆောက်ရေးသာမက ဒီမိုကရေစီစရိုက်လက္ခဏာတွေပါဝင်တဲ့တိုင်းရင်းသားပေါင်းစုံရဲ့ အမျိုးသား နိုင်ငံတော် Nation Building တစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်ရေးကို အထူးအလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ် လို့ဆက်ပြောပါတယ်။

“ဒါမှသာ ငြိမ်းချမ်းရေး ညီညွတ်ရေးမှသည် တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးအတွက်လွှတ်တော်အသီးသီးမှာ အားလုံးပါဝင်စေတဲ့ ကိုယ်စားပြု့ကိုဆောင်ရွက်ပေးဖို့လိုပါတယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ PR စနစ်ဖြစ်ပေါ်လာရေးကို ကြိုးပမ်းခဲ့ပါတယ်”လို့ဦးအောင်ဇင်ကဆွေးနွေးပြောကြားခဲ့ပါတယ်။

Zaw Gyi

ေ႐ြးေကာက္ပြဲစနစ္ျပဳျပင္ေျပာင္းလဲေရးဟာ မရွိမျဖစ္အလြန္အေရးႀကီးတဲ့ အခန္းက႑မွာပါဝင္

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ႏိုင္ငံေရးပါတီေတြ ေ႐ြးေကာက္ပြဲစနစ္ေဆြးေႏြးပြဲ ဒုတိယေန႔အျဖစ္ ႏိုဝင္ဘာ ၆ ရက္ကျပဳလုပ္ရာမွာ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီက ဦးေအာင္ဇင္က အထက္ပါအတိုင္းေျပာၾကားေဆြးေႏြးခဲ့ပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ေ႐ြးေကာက္ပြဲစနစ္ျပဳျပင္ေျပာင္းလဲေရးကိစၥက တစ္မ်ိဳးသားလုံးရဲ႕အက်ိဳးစီးပြားနဲ႔သက္ဆိုင္တဲ့အျပင္ ႏိုင္ငံေတာ္ရဲ႕သမိုင္းေၾကာင္းျဖစ္ေပၚတိုးတက္လာတဲ့ႏိုင္ငံေရးျဖစ္စဥ္မ်ားနဲ႔လည္းသက္ဆိုင္ပါတယ္”လို႔ဦးေအာင္ဇင္ကေျပာပါတယ္။

သမိုင္းရဲ႕ေတာင္းဆိုမႈအရ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုသစ္ကို အေရာက္ခ်ီတက္မယ္ဆိုရင္ ေ႐ြးေကာက္ပြဲစနစ္ျပဳျပင္ေျပာင္းလဲေရးဟာ မရွိမျဖစ္ျဖတ္ေက်ာ္ရမဲ့အလြန္အေရးႀကီးတဲ့ အခန္းက႑မွာပါဝင္ေနပါတယ္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံနဲ႔ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စုျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္တည္ေဆာက္ေရးသာမက ဒီမိုကေရစီစ႐ိုက္လကၡဏာေတြပါဝင္တဲ့တိုင္းရင္းသားေပါင္းစုံရဲ႕ အမ်ိဳးသားႏိုင္ငံေတာ္ Nation Building တစ္ရပ္ျဖစ္ထြန္းေပၚေပါက္ေရးကို အထူးအေလးထားေဆာင္႐ြက္ရမွာျဖစ္ပါတယ္ လို႔ဆက္ေျပာပါတယ္။

“ဒါမွသာ ၿငိမ္းခ်မ္းေရး ညီၫြတ္ေရးမွသည္ တစ္မ်ိဳးသားလုံးေသြးစည္းညီၫြတ္ေရးအတြက္လႊတ္ေတာ္အသီးသီးမွာ အားလုံးပါဝင္ေစတဲ့ကိုယ္စားျပဳ႕ကိုေဆာင္႐ြက္ေပးဖို႔လိုပါတယ္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီက ၂၀၁၂ ခုႏွစ္ကစၿပီး ျမန္မာႏိုင္ငံမွာ PR စနစ္ျဖစ္ေပၚလာေရးကို ႀကိဳးပမ္းခဲ့ပါတယ္”လို႔ဦးေအာင္ဇင္ကေဆြးေႏြးေျပာၾကားခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here