လ ၂၀ကြာပြီးနောက် အမေရိကန်နိုင်ငံသို့ခရီးသွားလာခွင့်များပြန်လည်ဖွင့်လှစ်

0
115

(Unicode)

လ ၂၀ကြာပြီးနောက် အမေရိကန်နိုင်ငံသို့ခရီးသွားလာခွင့်များပြန်လည်ဖွင့်လှစ်

အမေရိကန်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားများကို လ ၂၀ကြာပြီးနောက် ခရီးသွားလာခွင့်တွေ ပြန်လည်ခွင့်ပြုပေးလိုက်ပြီလို့ နိုဝင်ဘာလ ၈ရက်နေ့ကသတင်းထုတ်ပြန်ကြေငြာခဲ့ပြီး လေကြောင်းနှင့်သာမက ကုန်းလမ်းကိုပါခွင့်ပြုပေးလိုက်တာလို့သိရပါတယ်။

လာရောက်ကြမည့်ခရီးသွားများအနေဖြင့် ကာကွယ်ဆေးအပြည့်ထိုးနှံထားရန်လိုအပ်ပြီး သုံးရက်အတွင်းစစ်ဆေးထားသော ကိုဗစ်ကင်းရှင်းကြောင်းထောက်ခံချက်ပါ ပူးတွဲပါဝင်ရမှာဖြစ်ပါတယ်။

၂၀၂၀ခုနှစ်၊ မတ်လမှစတင်ပြီး ယခုအမေရိကန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး စတဲ့နိုင်ငံများက ခရီးသွားလာခွင့်တွေကိုကန့်သတ်လိုက်ကြတာဖြစ်ပြီး နယ်နိမိတ်ချင်းထိစပ်နေတဲ့ မက်ဆီကို၊ ကနေဒါ စတဲ့နိုင်ငံတွေကိုလည်း ကုန်းလမ်းများပါကန့်သတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်အမျိုးသမီး Alison Henry က “ ကျွန်မသားကနယူးယောက်မှာပါ၊ ပြီးခဲ့တဲ့အချိန်တွေက အရမ်းခက်ခဲခဲ့ပါတယ်၊ ကျွန်မသားကိုအရမ်းတွေ့ချင်နေပါတယ်” လို့ပြောပြထားပါတယ်။

Source – CNA

(Zawgyi)






Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here