ကာကွယ်ဆေးအပြည့်ထိုးနှံထားသောနိုင်ငံခြားသားများကို ဂျပန်နိုင်ငံကဝင်ရောက်ခွင့်ပြုမည်

0
199

(Unicode)

ကာကွယ်ဆေးအပြည့်ထိုးနှံထားသောနိုင်ငံခြားသားများကို ဂျပန်နိုင်ငံကဝင်ရောက်ခွင့်ပြုမည်

ကာကွယ်ဆေးအပြည့်ထိုးနှံထားသောနိုင်ငံခြားသားများကို ဂျပန်နိုင်ငံသို့ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ပြီး နယ်စပ်ဒေသများကိုတော့ ပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ အစိုးရအဖွဲ့လက်ထောက်အတွင်းရေးမှုး Kihara Seiji က “အစိုးရအဖွဲ့အနေနဲ့ နိုင်ငံခြားသားတွေကိုဝင်ရောက်ခွင့်ပြုဖို့အစီအစဉ်တစ်ခုစဉ်းစားနေပါတယ်၊ အသစ်ရောက်ရှိလာမယ့်နိုင်ငံခြားသားတွေကိုလည်း စမ်းသပ်စစ်ဆေးတာတွေပြုလုပ်သွားမယ်” လို့ပြောကြားခဲ့ပါတယ်။

ဝင်ရောက်ခွင့်ကန့်သတ်ချက်များကို ဂျပန်နိုင်ငံအနေနဲ့တင်းကြပ်ထားခဲ့ပြီး အိုလံပစ်ကစားသမားများကဲ့သို့သော အထူးခြွင်းချက်အခြေအနေများကိုသာ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဂျပန်တက္ကသိုလ်တစ်ခုမှာစာရင်းသွင်းထားတဲ့ ကနေဒါကျောင်းသား Jeremy Tsai ဟာ ဂျပန်နိုင်ငံကိုဝင်ရောက်ခွင့်မရခဲ့ပါဘူး။ စောင့်ဆိုင်းနေရတာနှစ်ဝက်လောက်ရှိပြီလို့ဆိုပါတယ်။

ကျောင်သားတွေနဲ့နည်းပညာသင်တန်းသားတွေအနေနဲ့ လာရောက်မယ်ဆိုရင် self-quarantine ၁၄ရက်ဝင်ရောက်ရမှာဖြစ်ပြီး စီးပွားရေးသမားတွေအနေနဲ့ကတော့ ၁၁ရက်ကြာဝင်ရောက်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်ရက်ကို နိုင်ငံခြားသား ၃၅၀၀ ဝင်ရောက်ခွင့်ပြုထားပြီး ယခုလကုန်ပိုင်းမှာတော့ ၅၀၀၀ အထိတိုးမြင့်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

Source – NHK

(Zawgyi)

ကာကြယ္ေဆးအျပည့္ထိုးႏွံထားေသာႏိုင္ငံျခားသားမ်ားကို ဂ်ပန္ႏိုင္ငံကဝင္ေရာက္ခြင့္ျပဳမည္

ကာကြယ္ေဆးအျပည့္ထိုးႏွံထားေသာႏိုင္ငံျခားသားမ်ားကို ဂ်ပန္ႏိုင္ငံသို႔ဝင္ေရာက္ခြင့္ျပဳလိုက္ၿပီျဖစ္ၿပီး နယ္စပ္ေဒသမ်ားကိုေတာ့ ပိတ္ထားဆဲျဖစ္တယ္လို႔သိရပါတယ္။

ႏိုဝင္ဘာလ ၅ရက္ေန႔မွာက်င္းပျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးပြဲတစ္ခုမွာ အစိုးရအဖြဲ႕လက္ေထာက္အတြင္းေရးမႈး Kihara Seiji က “အစိုးရအဖြဲ႕အေနနဲ႔ ႏိုင္ငံျခားသားေတြကိုဝင္ေရာက္ခြင့္ျပဳဖို႔အစီအစဥ္တစ္ခုစဥ္းစားေနပါတယ္၊ အသစ္ေရာက္ရွိလာမယ့္ႏိုင္ငံျခားသားေတြကိုလည္း စမ္းသပ္စစ္ေဆးတာေတြျပဳလုပ္သြားမယ္” လို႔ေျပာၾကားခဲ့ပါတယ္။

ဝင္ေရာက္ခြင့္ကန႔္သတ္ခ်က္မ်ားကို ဂ်ပန္ႏိုင္ငံအေနနဲ႔တင္းၾကပ္ထားခဲ့ၿပီး အိုလံပစ္ကစားသမားမ်ားကဲ့သို႔ေသာ အထူးႁခြင္းခ်က္အေျခအေနမ်ားကိုသာ ခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။

ဂ်ပန္တကၠသိုလ္တစ္ခုမွာစာရင္းသြင္းထားတဲ့ ကေနဒါေက်ာင္းသား Jeremy Tsai ဟာ ဂ်ပန္ႏိုင္ငံကိုဝင္ေရာက္ခြင့္မရခဲ့ပါဘူး။ ေစာင့္ဆိုင္းေနရတာႏွစ္ဝက္ေလာက္ရွိၿပီလို႔ဆိုပါတယ္။

ေက်ာင္သားေတြနဲ႔နည္းပညာသင္တန္းသားေတြအေနနဲ႔ လာေရာက္မယ္ဆိုရင္ self-quarantine ၁၄ရက္ဝင္ေရာက္ရမွာျဖစ္ၿပီး စီးပြားေရးသမားေတြအေနနဲ႔ကေတာ့ ၁၁ရက္ၾကာဝင္ေရာက္ရမွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ တစ္ရက္ကို ႏိုင္ငံျခားသား ၃၅၀၀ ဝင္ေရာက္ခြင့္ျပဳထားၿပီး ယခုလကုန္ပိုင္းမွာေတာ့ ၅၀၀၀ အထိတိုးျမင့္ႏိုင္ဖြယ္ရွိတယ္လို႔သိရပါတယ္။

Source – NHK


LEAVE A REPLY

Please enter your comment!
Please enter your name here