ပိုးတွေ့နှုန်း၅ရာခိုင်နှုန်းအောက်ကို (၁၄)ရက် ဆက်တိုက်ရောက်ရှိခဲ့သဖြင့် ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြီးဆုံးပြီဟု သတ်မှတ်နိုင်

0
146

(Unicode)

ပိုးတွေ့နှုန်း၅ရာခိုင်နှုန်းအောက်ကို (၁၄)ရက် ဆက်တိုက်ရောက်ရှိခဲ့သဖြင့် ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြီးဆုံးပြီဟု သတ်မှတ်နိုင်

နေပြည်တော် နိုဝင်ဘာ ၉

ပြည်တွင်းမှာကိုဗစ်(၁၉) ပိုးတွေ့ရှိနှုန်း (၅)ရာခိုင်နှုန်းအောက်တွင် (၁၄)ရက် ဆက်တိုက်ရှိခဲ့သဖြင့် တတိယလှိုင်း ကူးစက်မှု အဆုံးသတ်ပြီဟု သတ်မှတ်နိုင်ကြောင်း WHO ၏ သတ်မှတ်ချက်များအရသိရသည်။

အောက်တိုဘာလ (၂၃)ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုဗစ်ပိုးတွေ့ရှိနှုန်း(၅)ရာခိုင်နှုန်းကို ဆက်တိုက်ရောက်ရှိခဲ့ရာ ယမန်‌နေ့က ပိုးတွေ့နှုန်း ၃ဒသမ၈ရာခိုင်နှုန်းသာရှိခဲ့သဖြင့် (၁၄)ရက်ဆက်တိုက် ပိုးတွေ့နှုန်း(၅)ရာခိုင်နှုန်းအောက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ဓါတ်ခွဲ ​နမူနာစုစုပေါင်း(၂၆၀၀၀)ကျော်ကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာသစ်(၉၉၉)ဦးတွေ့ရှိခဲ့သဖြင့် ပိုးတွေ့နှုန်း မှာ ၃ဒသမ၈ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ပြည်တွင်းမှာ ယနေ့အထိ ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံရသူ ငါးသိန်းကျော်ရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ (၁၈၀၀၀)ကျော်အထိရှိခဲ့သည်။

(Zawgyi)

ပိုးေတြ႕ႏႈန္း၅ရာခိုင္ႏႈန္းေအာက္ကို (၁၄)ရက္ ဆက္တိုက္ေရာက္ရွိခဲ့သျဖင့္ ျပည္တြင္းမွာ ကိုဗစ္တတိယလႈိင္း ၿပီးဆုံးၿပီဟု သတ္မွတ္ႏိုင္

ေနျပည္ေတာ္ ႏိုဝင္ဘာ ၉

ျပည္တြင္းမွာကိုဗစ္(၁၉) ပိုးေတြ႕ရွိႏႈန္း (၅)ရာခိုင္ႏႈန္းေအာက္တြင္ (၁၄)ရက္ ဆက္တိုက္ရွိခဲ့သျဖင့္ တတိယလႈိင္း ကူးစက္မႈ အဆုံးသတ္ၿပီဟု သတ္မွတ္ႏိုင္ေၾကာင္း WHO ၏ သတ္မွတ္ခ်က္မ်ားအရသိရသည္။

ေအာက္တိုဘာလ (၂၃)ရက္မွစတင္ကာ တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ ကိုဗစ္ပိုးေတြ႕ရွိႏႈန္း(၅)ရာခိုင္ႏႈန္းကို ဆက္တိုက္ေရာက္ရွိခဲ့ရာ ယမန္‌ေန႔က ပိုးေတြ႕ႏႈန္း ၃ဒသမ၈ရာခိုင္ႏႈန္းသာရွိခဲ့သျဖင့္ (၁၄)ရက္ဆက္တိုက္ ပိုးေတြ႕ႏႈန္း(၅)ရာခိုင္ႏႈန္းေအာက္ေရာက္ရွိခဲ့ျခင္းျဖစ္သည္။

ယမန္ေန႔က ဓါတ္ခြဲ နမူနာစုစုေပါင္း(၂၆၀၀၀)ေက်ာ္ကို စစ္ေဆးခဲ့ၿပီး အတည္ျပဳလူနာသစ္(၉၉၉)ဦးေတြ႕ရွိခဲ့သျဖင့္ ပိုးေတြ႕ႏႈန္း မွာ ၃ဒသမ၈ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။

ျပည္တြင္းမွာ ယေန႔အထိ ကိုဗစ္(၁၉)ေရာဂါပိုးကူးစက္ခံရသူ ငါးသိန္းေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူအေရအတြက္မွာ (၁၈၀၀၀)ေက်ာ္အထိရွိခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here