ပြည်မြို့က ရင်ချင်းဆက်အမွှာညီအစ်ကို ယနေ့သေဆုံး

0
227

(Unicode)

ပြည်မြို့က ရင်ချင်းဆက်အမွှာညီအစ်ကို ယနေ့သေဆုံး

ပြည်မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ အောက်တို ဘာ ၃၁ ရက်ညနေပိုင်းက ခြေထောက်တစ်စုံ ကိုယ်နှစ်ခု အမျိုးသားအင်္ဂါတစ်ခု စအိုပေါက်တစ်ခုနဲ့ မွေးဖွားလာတဲ့ ရင်ချင်းဆက်အမွှာညီအကိုဟာ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့လည် ၁ နာရီက သေဆုံးသွားခဲ့ပါတယ်။

သူတို့ကို နိုဝင်ဘာ ၁ ရက်နေ့မှာ ဒေသခံလူမှုကူညီရေးအသင်းတွေက ရန်ကုန်မြို့မှာရှိတဲ့ ဟယ်ပင်ကလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးကဆရာဝန်တွေက ကိုယ်တွင်းကလီစာတွေကိုစစ်ဆေးပေးခဲ့ကြပါတယ်။

အမွှာညီအစ်ကိုရဲ့ နှလုံးကနှစ်ခုဖြစ်နေပြီး ကျောက်ကပ်ကတော့တစ်ခုတည်းဖြစ်တယ်လို့ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ကြပါတယ်။

ကလေးရဲ့ရုပ်အလောင်းကိုတော့ မိဘတွေနေတဲ့ ဖိုးခေါင်ရွာကိုပြန်ပြီးသယ်သွားမယ်လို့ သိရပါတယ်။

(Zawgyi)

ျပည္ၿမိဳ႕က ရင္ခ်င္းဆက္အမႊာညီအစ္ကို ယေန႔ေသဆုံး

ျပည္ၿမိဳ႕က ပုဂၢလိကေဆး႐ုံတစ္ခုမွာ ေအာက္တို ဘာ ၃၁ ရက္ညေနပိုင္းက ေျခေထာက္တစ္စုံ ကိုယ္ႏွစ္ခု အမ်ိဳးသားအဂၤါတစ္ခု စအိုေပါက္တစ္ခုနဲ႔ ေမြးဖြားလာတဲ့ ရင္ခ်င္းဆက္အမႊာညီအကိုဟာ ဒီေန႔ နိုဝင္ဘာ ၉ ရက္ေန႔လည္ ၁ နာရီက ေသဆုံးသြားခဲ့ပါတယ္။

သူတို႔ကို နိုဝင္ဘာ ၁ ရက္ေန႔မွာ ေဒသခံလူမွုကူညီေရးအသင္းေတြက ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ဟယ္ပင္ကေလးေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့ၿပီး ေဆး႐ုံႀကီးကဆရာဝန္ေတြက ကိုယ္တြင္းကလီစာေတြကိုစစ္ေဆးေပးခဲ့ၾကပါတယ္။

အမႊာညီအစ္ကိုရဲ့ ႏွလုံးကႏွစ္ခုျဖစ္ေနၿပီး ေက်ာက္ကပ္ကေတာ့တစ္ခုတည္းျဖစ္တယ္လို႔ ဆရာဝန္ေတြက စမ္းသပ္စစ္ေဆးေပးနိုင္ခဲ့ၾကပါတယ္။

ကေလးရဲ့႐ုပ္အေလာင္းကိုေတာ့ မိဘေတြေနတဲ့ ဖိုးေခါင္ရြာကိုျပန္ၿပီးသယ္သြားမယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here