အဟာရစားသုံးမူပုံစံ​တွင်ပိုမိုလိုအပ်လာမည့် အသားငါး များတိုးထုတ်နိုင်ရန်လုပ်​ဆောင်နေ

0
225

(Unicode)

အဟာရစားသုံးမူပုံစံ​တွင်ပိုမိုလိုအပ်လာမည့် အသားငါး များတိုးထုတ်နိုင်ရန်လုပ်​ဆောင်နေ

မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မျှော်မှန်းသက်တမ်းကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအပေါ် မူတည်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တွက်ချက်မှုတွေအရဆိုရင် ၂၀၂၀ ခုနှစ်မှာ ၆၇ ဒသမ ၄၂ နှစ်ရှိပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ လူဦးရေဌာနရဲ့ တွက်ချက်မှုမှာတော့ ၆၇ ဒသမ ၇၈ နှစ်ရှိပဲ ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် မျှော်မှန်းသက်တမ်းဟာ ကမ္ဘာ့အဆင့်မှာ ၁၅၁ အဆင့်ရှိနေတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံသားများရဲ့ မျှော်မှန်းအသက်က နံပါတ် ၆ အဆင့်၊ အာဆီယံနိုင်ငံတွေထဲမှာ နံပါတ် ၁၀ရှိနေတယ်လို့ နစကဥက္ကဋ္ဌက ပြောပါတယ်။

“ ပြည်သူတိုင်းသက်တမ်းစေ့နေနိုင်ရေး အရေးကြီးသဖြင့် ကာဗိုဟိုက်ဒရိတ်လျှော့ချနိုင်ရေးအတွက် ဆန်စားသုံးမှုလျှော့ချရေးဆောင်ရွက်ပြီး အခြားလိုအပ်သည့် ပရိုတိန်းဓာတ်များ ရရှိစေရေးအတွက် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဥများအား စားသုံး၍ ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရေး မိမိအနေဖြင့် တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦး အနေဖြင့် တစ်ရက်လျှင် ကြက်ဥ ၃ လုံးမှ ၆ လုံးအထိ စားသုံးရန်လိုအပ်ပြီး အသားငါးအား တစ်ရက်လျှင် ၅ ကျပ်သားမှ ၁၀ သားအထိနေ့စဉ် စားသုံးရန်နှင့် ဟင်းသီးဟင်းရွက်များအား ၅ ကျပ်သားမှ ၁၂ ကျပ်သားအထိ စားသုံးရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ရေမြေသဘာဝကောင်းမွန်သည့် နိုင်ငံဖြစ်သည့် အတွက် သီးနှံများဖြစ်ထွန်းအောင်စိုက်ပျိုးရန်လိုအပ်ပြီး မြစ်ချောင်းများအတွင်း ငါးများပေါများအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ပြီး ကျန်းမာရေး အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ လူတိုင်းသက်တမ်းစေ့နေနိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်၏စွမ်းအားသည် ပြည်သူများပင်ဖြစ်သဖြင့် ပြည်သူများအားလုံးကျန်းမာစွာဖြင့် နေထိုင်နိုင်ရန်လိုအပ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းများ တိုးတက်စေရေးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန်တိုက်တွန်းနေခြင်းဖြစ်ကြောင်း”နစကဥက္ကဋ္ဌက ပြောပါတယ်။

(Zawgyi)

အဟာရစားသုံးမူပုံစံ​တြင္ပိုမိုလိုအပ္လာမည့္ အသားငါး မ်ားတိုးထုတ္ႏိုင္ရန္လုပ္​ေဆာင္ေန

ျမန္မာႏိုင္ငံက ျပည္သူေတြရဲ႕ ေမွ်ာ္မွန္းသက္တမ္းကို ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအေပၚ မူတည္ၿပီး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ တြက္ခ်က္မႈေတြအရဆိုရင္ ၂၀၂၀ ခုႏွစ္မွာ ၆၇ ဒသမ ၄၂ ႏွစ္ရွိၿပီး၊ ကမာၻ႔က်န္းမာေရးအဖြဲ႕၊ ကုလသမဂၢ လူဦးေရဌာနရဲ႕ တြက္ခ်က္မႈမွာေတာ့ ၆၇ ဒသမ ၇၈ ႏွစ္ရွိပဲ ရွိေနပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ၂၀၂၀ ျပည့္ႏွစ္ ေမွ်ာ္မွန္းသက္တမ္းဟာ ကမာၻ႔အဆင့္မွာ ၁၅၁ အဆင့္ရွိေနတာျဖစ္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြထဲမွာေတာ့ ျမန္မာႏိုင္ငံသားမ်ားရဲ႕ ေမွ်ာ္မွန္းအသက္က နံပါတ္ ၆ အဆင့္၊ အာဆီယံႏိုင္ငံေတြထဲမွာ နံပါတ္ ၁၀ရွိေနတယ္လို႔ နစကဥကၠ႒က ေျပာပါတယ္။

“ ျပည္သူတိုင္းသက္တမ္းေစ့ေနႏိုင္ေရး အေရးႀကီးသျဖင့္ ကာဗိုဟိုက္ဒရိတ္ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ဆန္စားသုံးမႈေလွ်ာ့ခ်ေရးေဆာင္႐ြက္ၿပီး အျခားလိုအပ္သည့္ ပ႐ိုတိန္းဓာတ္မ်ား ရရွိေစေရးအတြက္ အသား၊ ငါး၊ ဟင္းသီးဟင္း႐ြက္ႏွင့္ ဥမ်ားအား စားသုံး၍ ျဖည့္ဆည္းေပးရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေရး ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေရး မိမိအေနျဖင့္ တိုက္တြန္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လူတစ္ဦး အေနျဖင့္ တစ္ရက္လွ်င္ ၾကက္ဥ ၃ လုံးမွ ၆ လုံးအထိ စားသုံးရန္လိုအပ္ၿပီး အသားငါးအား တစ္ရက္လွ်င္ ၅ က်ပ္သားမွ ၁၀ သားအထိေန႔စဥ္ စားသုံးရန္ႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားအား ၅ က်ပ္သားမွ ၁၂ က်ပ္သားအထိ စားသုံးရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ေရေျမသဘာဝေကာင္းမြန္သည့္ ႏိုင္ငံျဖစ္သည့္ အတြက္ သီးႏွံမ်ားျဖစ္ထြန္းေအာင္စိုက္ပ်ိဳးရန္လိုအပ္ၿပီး ျမစ္ေခ်ာင္းမ်ားအတြင္း ငါးမ်ားေပါမ်ားေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ သို႔မွသာျပည္သူမ်ား အာဟာရျပည့္ဝစြာ စားသုံးႏိုင္ၿပီး က်န္းမာေရး အတြက္ အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း၊ လူတိုင္းသက္တမ္းေစ့ေနႏိုင္ေရး ေဆာင္႐ြက္ၾကရန္ လိုေၾကာင္း၊ ႏိုင္ငံေတာ္၏စြမ္းအားသည္ ျပည္သူမ်ားပင္ျဖစ္သျဖင့္ ျပည္သူမ်ားအားလုံးက်န္းမာစြာျဖင့္ ေနထိုင္ႏိုင္ရန္လိုအပ္သျဖင့္ က်န္းမာေရးႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံ၏ေမွ်ာ္မွန္းသက္တမ္းမ်ား တိုးတက္ေစေရးအေလးထား ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူမ်ား၏ စားသုံးမႈႏွင့္ ေနထိုင္မႈပုံစံမ်ား ေျပာင္းလဲႏိုင္ေရး ေဆာင္႐ြက္ၾကရန္တိုက္တြန္းေနျခင္းျဖစ္ေၾကာင္း”နစကဥကၠ႒က ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here