လူငယ်တွေကိုယ်ဝါသနာပါတဲ့ အလုပ်ကို အဆုံးထိလုပ်ကြပါ ဆိုတဲ့ ချန်လုံး

0
227

(Unicode)

လူငယ်တွေကိုယ်ဝါသနာပါတဲ့ အလုပ်ကို အဆုံးထိလုပ်ကြပါ ဆိုတဲ့ ချန်လုံး

ကိုယ်ဝါသနာပါတဲ့ ဆံပင်ညှပ်တဲ့ဘဝကို အခက်အခဲများစွာနဲ့ ဖြတ်သန်းဖြစ်လာပီး အခုချိန်မှာဆိုရင်တော့ အောင်မြင်တဲ့ ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်လာတဲ့သူကတော့ ချန်လုံး ဆံပင်ညှပ်ဆရာပဲဖြစ်ပါတယ်။အိမ်က မိဘတွေသဘောမတူတဲ့ကြားက ကိုယ်ဝါသနာပါတဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်ခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ ဆံပင်ညှပ်ဝါသနာကို ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တယ်။ ဝါသနာပါပေမယ့် ကိုယ့်မှာက စိတ်ပဲရှိတာ။ဘာမှလုပ်နိုင်စွမ်းမရှိဘူး။ငွေကြေးရော၊တခြားမိဘထောက်ပံ့မှုကော။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းကို အကောင်းဆုံးလုပ်ကိုင်တယ်။သင်ယူတယ်။ကိုယ့်ရဲ့ရည်မှန်းချက်ကို အကောင်းဆုံးကြိုးစားတယ်။အဲ့ဒီတော့ နောက်ဆုံးကျွန်တော့်ရည်မှန်းချက်တွေပြည့်ပြီး ဒီနေရာကိုရောက်လာခဲ့တယ်။ရောက်လာတဲ့အချိန်မှာလည်း ကျွန်တော့်လိုမျိုးဆံပင်ညှပ်ဝါသနာပါတဲ့သူတွေအတွက် ဈေးတန်တန်နဲ့သင်တန်းတွေပြန်ပြပေးတယ်။ကိုယ့်ရဲ့ပညာတွေကို ပြန်သင်ပေးပြီး ပညာဒါန ပေးလို့ရတဲ့အချိန်ကိုလည်း ပညာဒါနတွေပေးပြီး ကိုယ့်ရဲ့ ဘဝကိုဖြတ်သန်းပြီး အကောင်းဆုံးဖြတ်သန်းဖြစ်တယ်။” လို့ပြောပါတယ်။

(Zawgyi)

လူငယ္ေတြကိုယ္ဝါသနာပါတဲ့ အလုပ္ကို အဆုံးထိလုပ္ၾကပါ ဆိုတဲ့ ခ်န္လုံး

ကိုယ္ဝါသနာပါတဲ့ ဆံပင္ညႇပ္တဲ့ဘဝကို အခက္အခဲမ်ားစြာနဲ႔ ျဖတ္သန္းျဖစ္လာပီး အခုခ်ိန္မွာဆိုရင္ေတာ့ ေအာင္ျမင္တဲ့ ဆံပင္ညႇပ္ဆရာတစ္ေယာက္ျဖစ္လာတဲ့သူကေတာ့ ခ်န္လုံး ဆံပင္ညႇပ္ဆရာပဲျဖစ္ပါတယ္။အိမ္က မိဘေတြသေဘာမတူတဲ့ၾကားက ကိုယ္ဝါသနာပါတဲ့ အလုပ္ကို တစိုက္မတ္မတ္ လုပ္ခဲ့တဲ့အေၾကာင္းကို အခုလိုပဲေျပာျပခဲ့ပါတယ္။

“ ဆံပင္ညႇပ္ဝါသနာကို ကြၽန္ေတာ္ငယ္ငယ္ကတည္းက ဝါသနာပါခဲ့တယ္။ ဝါသနာပါေပမယ့္ ကိုယ့္မွာက စိတ္ပဲရွိတာ။ဘာမွလုပ္ႏိုင္စြမ္းမရွိဘူး။ေငြေၾကးေရာ၊တျခားမိဘေထာက္ပံ့မႈေကာ။ ဒါေပမယ့္ ကိုယ္ဝါသနာပါတဲ့ လုပ္ငန္းကို အေကာင္းဆုံးလုပ္ကိုင္တယ္။သင္ယူတယ္။ကိုယ့္ရဲ႕ရည္မွန္းခ်က္ကို အေကာင္းဆုံးႀကိဳးစားတယ္။အဲ့ဒီေတာ့ ေနာက္ဆုံးကြၽန္ေတာ့္ရည္မွန္းခ်က္ေတြျပည့္ၿပီး ဒီေနရာကိုေရာက္လာခဲ့တယ္။ေရာက္လာတဲ့အခ်ိန္မွာလည္း ကြၽန္ေတာ့္လိုမ်ိဳးဆံပင္ညႇပ္ဝါသနာပါတဲ့သူေတြအတြက္ ေစ်းတန္တန္နဲ႔သင္တန္းေတြျပန္ျပေပးတယ္။ကိုယ့္ရဲ႕ပညာေတြကို ျပန္သင္ေပးၿပီး ပညာဒါန ေပးလို႔ရတဲ့အခ်ိန္ကိုလည္း ပညာဒါနေတြေပးၿပီး ကိုယ့္ရဲ႕ ဘဝကိုျဖတ္သန္းၿပီး အေကာင္းဆုံးျဖတ္သန္းျဖစ္တယ္။” လို႔ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here