ပြည်ပကိုပဲမျိုးစုံတင်ပို့ရောင်းချမှု ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့

0
324

(Unicode)

ပြည်ပကိုပဲမျိုးစုံတင်ပို့ရောင်းချမှု ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံထွက်ကုန်ဖြစ်တဲ့ ပဲမျိုးစုံကိုပြည်ပတင်ပို့ရောင်းချခဲ့ရာမှာ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့ပြီး ကုလားပဲတင်ပို့မှုတစ်ခုထဲကကိုပဲ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၈၅ သန်းရရှိခဲ့ပါတယ်။

ကုလားပဲဟာ ပြည်တွင်းစျေးကွက်မှာလည်း ဝယ် ယူသူများတာကိုတွေ့ရှိရပါတယ်။ဒါ့ကြောင့် ပြည် ပတင်ပို့ရောင်းချတဲ့စျေးကွက်ကျနေပေမဲ့လည်း ပြည်တွင်းမှာဝယ်ယူသူများတာကြောင့် မပြတ်ရောင်းချပေးနေရပါတယ်။

“ကုလားပဲပင်ကစိုက်ရတာအကြမ်းလည်းခံတယ် ဝယ်တဲ့သူလည်းများတော့အဆင်ပြေတာပေါ့ ကျွန်တော်ကတော့ တခြားပဲတွေထက်စာရင်ကုလားပဲကိုစိုက်ဖြစ်တဲ့အချိန်ပိုများတယ် စိုက်ခင်းထဲအထိပဲခွဲစက်တွေကနဲ့ ပွဲစားတွေကလာဝယ်ကြတော့ ပိုပြီးအဆင်ပြေတယ်”လို့ ကုလားပဲစိုက်တောင်သူတစ်ယောက်ဖြစ်တဲ့ဦးခင်ထွန်းကပြောပါတယ်။

ကုလားပဲအပါအဝင် ပဲမျိုးစုံကို ပင်လယ်ရေ ကြောင်းကုန်သွယ်ရေးလမ်းကြောင်းနဲ့နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းတွေကနေတဆင့် နိုင်ငံတကာကိုတင်ပို့ရောင်းချပေးနေပါတယ်။

(Zawgyi)

ျပည္ပကိုပဲမ်ိဳးစုံတင္ပို႔ေရာင္းခ်မႈ ၂၀၂၀ – ၂၀၂၁ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ ၁၅၇၀ ဒသမ ၇၀၇ သန္းရရွိခဲ့

 

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနရဲ႕ စာရင္းေတြအရ ျမန္မာႏိုင္ငံထြက္ကုန္ျဖစ္တဲ့ ပဲမ်ိဳးစုံကိုျပည္ပတင္ပို႔ေရာင္းခ်ခဲ့ရာမွာ ၂၀၂၀ – ၂၀၂၁ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ ၁၅၇၀ ဒသမ ၇၀၇ သန္းရရွိခဲ့ၿပီး ကုလားပဲတင္ပို႔မႈတစ္ခုထဲကကိုပဲ အေမရိကန္ေဒၚလာ ၁၅ ဒသမ ၉၈၅ သန္းရရွိခဲ့ပါတယ္။

ကုလားပဲဟာ ျပည္တြင္းေစ်းကြက္မွာလည္း ဝယ္ ယူသူမ်ားတာကိုေတြ႕ရွိရပါတယ္။ဒါ့ေၾကာင့္ ျပည္ ပတင္ပို႔ေရာင္းခ်တဲ့ေစ်းကြက္က်ေနေပမဲ့လည္း ျပည္တြင္းမွာဝယ္ယူသူမ်ားတာေၾကာင့္ မျပတ္ေရာင္းခ်ေပးေနရပါတယ္။

“ကုလားပဲပင္ကစိုက္ရတာအၾကမ္းလည္းခံတယ္ ဝယ္တဲ့သူလည္းမ်ားေတာ့အဆင္ေျပတာေပါ့ ကြၽန္ေတာ္ကေတာ့ တျခားပဲေတြထက္စာရင္ကုလားပဲကိုစိုက္ျဖစ္တဲ့အခ်ိန္ပိုမ်ားတယ္ စိုက္ခင္းထဲအထိပဲခြဲစက္ေတြကနဲ႔ ပြဲစားေတြကလာဝယ္ၾကေတာ့ ပိုၿပီးအဆင္ေျပတယ္”လို႔ ကုလားပဲစိုက္ေတာင္သူတစ္ေယာက္ျဖစ္တဲ့ဦးခင္ထြန္းကေျပာပါတယ္။

ကုလားပဲအပါအဝင္ ပဲမ်ိဳးစုံကို ပင္လယ္ေရ ေၾကာင္းကုန္သြယ္ေရးလမ္းေၾကာင္းနဲ႔နယ္စပ္ကုန္ သြယ္ေရးလမ္းေၾကာင္းေတြကေနတဆင့္ ႏိုင္ငံတကာကိုတင္ပို႔ေရာင္းခ်ေပးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here