အတန်းတင်စာမေးပွဲတွေကို ဧပြီလအတွင်းဖြေဆိုရမည်

0
220

(Unicode)

အတန်းတင်စာမေးပွဲတွေကို ဧပြီလအတွင်းဖြေဆိုရမည်

နိုဝင်ဘာ ၁ ရက်ကစတင်ဖွင့်လှစ်ခဲ့တဲ့ တစ်နိုင်ငံလုံးက ၂၀၂၁ – ၂၀၂၂ ခုနှစ်စာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းတွေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေဟာ အတန်းတင်စာမေးပွဲကို ဧပြီလအတွင်းမှာဖြေဆိုရမှာဖြစ်ပါတယ်။

“ကျောင်းတွင်းစစ်အတန်းတင်စာမေးပွဲတွေကိုဖြေဆိုရမှာပါ နှစ်ဆုံးစစ်ဆေးအကဲဖြတ်ခြင်းစားမေးပွဲပါ ကျောင်းတွင်းစစ်စာမေးပွဲတွေကိုတော့ ဖေဖော်ဝါရီ တတိယပတ်ထဲမှာဖြေဆိုရမှာပါ”လို့မူလတန်းပြဆရာမတစ်ယောက်ကပြောပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကတော့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ စာသင်ချိန်နည်းပါးတာကြောင့် ကျောင်းသား၊ကျောင်းသူတွေကို နည်းပါးတဲ့စာသင်ချိန်နဲ့ကိုက်ညီတဲ့သင်ရိုးတွေပြောင်းထားပေးပြီး စနေနေ့ကိုပါကျောင်းတက်ဖို့အတွက် ညွှန်ကြားထားပါတယ်။

(Zawgyi)


 






LEAVE A REPLY

Please enter your comment!
Please enter your name here