အမေရိကန်တပ်များနှင့်အတူရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့်ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီးအား အမေရိကန်သံရုံး ဂုဏ်ပြု

0
134

(Unicode)

အမေရိကန်တပ်များနှင့်အတူရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့်ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီးအား အမေရိကန်သံရုံး ဂုဏ်ပြု

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မြောက်ပိုင်းတွင် အမေရိကန်တပ်များနှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး Sara Kaba Joseph Nang Zing Htoi Wa ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဓါတ်ပုံနှင့်တကွ ယနေ့ နိုဝင်ဘာ ၁၁ရက်တွင် ဂုဏ်ပြုဖော်ပြခဲ့သည်။

သူရဲကောင်းများထဲမှ တစ်ဦးဟု သံရုံးက ချီးကျူးဂုဏ်ပြုခဲ့သည်။

“ယနေ့ ကျရောက်သော အမေရိကန်စစ်ပြန်များနေ့တွင် အမေရိကန်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းမျိုးဆက်အသီးသီးကို မိမိတို့ ဂုဏ်ပြုအပ်ပါသည်။ မိမိတို့နှင့်အတူတကွ လက်တွဲ၍ တိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်ရဲဘော်ရဲဘက်များကိုလည်း လေးစားဦးညွတ်အပ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မြောက်ပိုင်းတွင် အမေရိကန်တပ်များနှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး Sara Kaba Joseph Nang Zing Htoi Wa သည်လည်း အဆိုပါ သူရဲကောင်းများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါသည်”ဟု သံရုံးကဆိုသည်။

ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး Sara Kaba Joseph Nang Zing Htoi Wa သည် အသက် ၉၇ နှစ်အရွယ်အထိ နေထိုင်ခဲ့ရပြီး မြစ်ကြီးနားမြို့၌ မကြာသေးမီက ကွယ်လွန်သွားသည်။

ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး နှင့်ပတ်သက်ပြီးအမှတ်ရစရာများ ဆက်လက် ရှင်သန်နေမည်ဟု သံရုံးက ဆိုသည်။ Sara Kaba Joseph Nang Zing Htoi Wa တွင် ဇနီးသည်နှင့်အတူ သားသမီး ခြောက်ယောက်၊ မြေး ၁၈ ယောက်၊ မြစ် ၂၁ ယောက် နှင့် တီ ၃ယောက် တို့ ကျန်ရစ်ခဲ့သည်။

(Zawgyi)

အေမရိကန္တပ္မ်ားႏွင့္အတူ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ပြဲဝင္ခဲ့သည့္ကခ်င္ရိန္းဂ်ားစစ္သည္ေတာ္ေဟာင္းႀကီးအား အေမရိကန္သံ႐ုံး ဂုဏ္ျပဳ

ဒုတိယကမာၻစစ္အတြင္းက ျမန္မာျပည္ေျမာက္ပိုင္းတြင္ အေမရိကန္တပ္မ်ားႏွင့္အတူ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ပြဲဝင္ခဲ့သည့္ ကခ်င္ရိန္းဂ်ားစစ္သည္ေတာ္ေဟာင္းႀကီး Sara Kaba Joseph Nang Zing Htoi Wa ကို ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက ဓါတ္ပုံႏွင့္တကြ ယေန႔ ႏိုဝင္ဘာ ၁၁ရက္တြင္ ဂုဏ္ျပဳေဖာ္ျပခဲ့သည္။

သူရဲေကာင္းမ်ားထဲမွ တစ္ဦးဟု သံ႐ုံးက ခ်ီးက်ဴးဂုဏ္ျပဳခဲ့သည္။

“ယေန႔ က်ေရာက္ေသာ အေမရိကန္စစ္ျပန္မ်ားေန႔တြင္ အေမရိကန္ျပည္ေထာင္စုအတြက္ တိုက္ပြဲဝင္ခဲ့ၾကသည့္ သူရဲေကာင္းမ်ိဳးဆက္အသီးသီးကို မိမိတို႔ ဂုဏ္ျပဳအပ္ပါသည္။ မိမိတို႔ႏွင့္အတူတကြ လက္တြဲ၍ တိုက္ပြဲဝင္ခဲ့သည့္ မဟာမိတ္ရဲေဘာ္ရဲဘက္မ်ားကိုလည္း ေလးစားဦးၫြတ္အပ္ပါသည္။ ဒုတိယကမာၻစစ္အတြင္းက ျမန္မာျပည္ေျမာက္ပိုင္းတြင္ အေမရိကန္တပ္မ်ားႏွင့္အတူ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ပြဲဝင္ခဲ့သည့္ ကခ်င္ရိန္းဂ်ားစစ္သည္ေတာ္ေဟာင္းႀကီး Sara Kaba Joseph Nang Zing Htoi Wa သည္လည္း အဆိုပါ သူရဲေကာင္းမ်ားထဲမွ တစ္ဦးအပါအဝင္ျဖစ္ပါသည္”ဟု သံ႐ုံးကဆိုသည္။

ကခ်င္ရိန္းဂ်ားစစ္သည္ေတာ္ေဟာင္းႀကီး Sara Kaba Joseph Nang Zing Htoi Wa သည္ အသက္ ၉၇ ႏွစ္အ႐ြယ္အထိ ေနထိုင္ခဲ့ရၿပီး ျမစ္ႀကီးနားၿမိဳ႕၌ မၾကာေသးမီက ကြယ္လြန္သြားသည္။

ကခ်င္ရိန္းဂ်ားစစ္သည္ေတာ္ေဟာင္းႀကီး ႏွင့္ပတ္သက္ၿပီးအမွတ္ရစရာမ်ား ဆက္လက္ ရွင္သန္ေနမည္ဟု သံ႐ုံးက ဆိုသည္။ Sara Kaba Joseph Nang Zing Htoi Wa တြင္ ဇနီးသည္ႏွင့္အတူ သားသမီး ေျခာက္ေယာက္၊ ေျမး ၁၈ ေယာက္၊ ျမစ္ ၂၁ ေယာက္ ႏွင့္ တီ ၃ေယာက္ တို႔ က်န္ရစ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here