Gucci ရဲ့ Global Ambassador အဖြစ် Shin Min An ရွေးချယ်ခံရ

0
133

(Unicode)

Gucci ရဲ့ Global Ambassador အဖြစ် Shin Min An ရွေးချယ်ခံရ

အီတလီဇိမ်ခံအမှတ်တံဆိပ် Guuci က သူတို့ရဲ့ Global Ambassador အဖြစ် Shin Min Ah ကို ရွေးချယ်လိုက်ပါတယ်။

သူမရဲ့ဆန်းပြားပြီး မတူညီတဲ့ပုံစံ၊မတူကွဲပြားတာတွေကို လေ့လာချင်တဲ့ သူမရဲ့ယုံကြည်ချက်၊မိမိကိုယ်ကိုယ်လေးစားမှုတွေဟာ Gucci ရဲ့ ဒဿနနဲ့ ဆင်တူတယ်လို့ Gucci ကပြောပါတယ်။

Gucci ရဲ့ဖန်တီးမှုဒါရိုက်တာ Alessandro Michele နဲ့ Shin Min Ah တို့ရဲ့လာမယ့်ခရီးအတွက် Gucci က စိတ်လှုပ်ရှားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Shin Min Ah ဟာ မကြာသေးခင်က tvN ရဲ့ဒရာမာ Hometown Cha-Cha-Cha ဇာတ်ကားနဲ့ ပရိတ်သတ်ရဲ့ အားပေးမှုအခိုင်အမာရရှိခဲ့ပြီး အချစ်ဟာသ ဘုရင်မအဖြစ်တောင် တင်စားခံရသူပါ။

လက်ရှိမှာတော့ ဒရာမာအသစ် Our Blues သူမရဲ့ချစ်သူ Kim Woo Bin,Lee Byung Hun,Han Ji Min,Lee Jung Eun,Chan Seung Won, Uhm Jung Hwa တို့နဲ့အတူ ရိုက်ကူးလျက်ရှိပါတယ်။

Shin Min Ah ကို Global Ambassador အဖြစ်ရွေးချယ်ခဲ့တဲ့ Gucci ဟာ တချိန်တည်းမှာပဲ Squid Game မှာပါဝင်ခဲ့တဲ့ မင်းသား Lee Jung Jae ကိုလည်း Global Ambassador အဖြစ် ရွေးချယ်ခဲ့ပါသေးတယ်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here