ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့နယ်အချို့တွင် ဆိုင်ကယ်တစ်စီး တစ်ဦးသာစီးဖို့ အမိန့်ထုတ်

0
196

(Unicode)

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့နယ်အချို့တွင် ဆိုင်ကယ်တစ်စီး တစ်ဦးသာစီးဖို့ အမိန့်ထုတ်

ယနေ့ နိုဝင်ဘာ ၁၁ရက်ကစပြီး ကော့မှူး၊ကွမ်းခြံကုန်းအပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်က မြို့နယ်အချို့တွင် ဆိုင်ကယ်တစ်စီး တစ်ဦးပဲ စီးဖို့ သက်ဆိုင်ရာက အမိန့်ထုတ်လိုက်သည်ဟု မြို့ခံများကပြောသည်။

“အခု ညနေက လော်နဲ့ လိုက်အော်တယ်။ဆိုင်ကယ်တစ်စီးကို တစ်ဦးပဲ စီးဖို့။လိုက်နာမှု မရှိရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမယ်လို့ ဆိုတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ကော့မှူးတွင်လည်း အလားတူ လိုက်ကြေညာခြင်းမျိုးရှိသည်ဟု ကော့မှူးမြို့ခံအချို့က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကော့မှူး-ကွမ်းခြံကုန်းကားလမ်းပေါ် ဒေးဒနောကျေးရွာအနားတွင် စစ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားအချို့ သေဆုံးခြင်းနှင့်အတူ ထိခိုက်ဒဏ်ရာရမှုဖြစ်ခဲ့သည်။

(Zawgyi)

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္အတြင္းက ၿမိဳ႕နယ္အခ်ိဳ႕တြင္ ဆိုင္ကယ္တစ္စီး တစ္ဦးသာစီးဖို႔ အမိန႔္ထုတ္

ယေန႔ ႏိုဝင္ဘာ ၁၁ရက္ကစၿပီး ေကာ့မႉး၊ကြမ္းၿခံကုန္းအပါအဝင္ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္က ၿမိဳ႕နယ္အခ်ိဳ႕တြင္ ဆိုင္ကယ္တစ္စီး တစ္ဦးပဲ စီးဖို႔ သက္ဆိုင္ရာက အမိန႔္ထုတ္လိုက္သည္ဟု ၿမိဳ႕ခံမ်ားကေျပာသည္။

“အခု ညေနက ေလာ္နဲ႔ လိုက္ေအာ္တယ္။ဆိုင္ကယ္တစ္စီးကို တစ္ဦးပဲ စီးဖို႔။လိုက္နာမႈ မရွိရင္ တည္ဆဲ ဥပေဒေတြနဲ႔ အေရးယူမယ္လို႔ ဆိုတယ္”ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ေကာ့မႉးတြင္လည္း အလားတူ လိုက္ေၾကညာျခင္းမ်ိဳးရွိသည္ဟု ေကာ့မႉးၿမိဳ႕ခံအခ်ိဳ႕က ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ေကာ့မႉး-ကြမ္းၿခံကုန္းကားလမ္းေပၚ ေဒးဒေနာေက်း႐ြာအနားတြင္ စစ္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရၿပီး စစ္သားအခ်ိဳ႕ ေသဆုံးျခင္းႏွင့္အတူ ထိခိုက္ဒဏ္ရာရမႈျဖစ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here